Chapter 1

2.1K 159 4
                                    

{Unicode}

[Vol-1 : The Great Wall]
နှစ်ခြိုက်စွာအိပ်စက်ခြင်း

လူတိုင်းပြောလေ့ရှိသော စကားတခွန်းရှိ၏။ " မွေးဖွားလာ‌သောလူတိုင်းတွင် တန်းတူ လွတ်လပ်ခွင့်ရှိသည်။" အမှန်သည်ကား လူရယ်လို့ မွေးဖွားသန့်စင်လာကတည်းက တန်းတူညီမျှဟူသည်မရှိချေ၊ မည်သည့်အခါတွင်မှလည်း ရှိလာနိုင်မည်မဟုတ်။

ထိုကဲ့သို့ တန်းတူညီမျှမှုမရှိခြင်းကို ဤတွေ့ဆုံညှိနှိုင်းအစည်းအဝေးပွဲတွင် ယခုဆွေးနွေးတိုင်ပင်နေကြသည်။ အကြောင်းအရင်းမှာကား "သူတစ်ပါးပစ္စည်းခိုးယူထားသော ကျောင်းသား ယွီဟောက်အား မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းပါရန်" ။ တက်ရောက်သူများကမူ အကြံပေး၊ တွဲဖက်ပါချုပ်နှင့် ကောလိပ်ကျောင်းသားသမဂ္ဂ အတွင်းရေးမှူးတို့ဖြစ်သည်။

ပါဝင်သူအားလုံးတို့သည် ဤပြဿနာခေါင်းစဉ်အောက်တွင် ထိုကျောင်းသား၏ဂုဏ်သတင်းကို ရှင်းလင်းပေးရန်နှင့် အမှန်တရားကို ဖော်ထုတ်နိုင်ရန် အင်တိုက်အားတိုက်ကို ဆွေးနွေးနေကြလေသည်။

သေချာတာပေါ့၊ ပြဿနာ၏ အဓိကတရားခံကိုတော့ ဆွေးနွေးပွဲတက်ရောက်ရန် ဖိတ်ခေါ်ထားမည်မဟုတ်။

"လူတိုင်းရောက်ပြီမလား၊ ဒါဆိုကျွန်တော်စပြောတော့မယ်နော်၊ ပထမဆုံးအနေနဲ့ ကျောင်းသား ယွီဟောက်ရဲ့ ကိုယ်ရေးအကျဉ်းကို ပြောတာပေါ့၊ အမျိုးသား(Male)၊ ဒေသခံ၊ သူ ၅နှစ်အရွယ်တုန်းက သူ့မိသားစုထဲမှာ မထင်မှတ်ထားတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ခဲ့တယ်၊ မိဘတွေက သူ့ကိုပစ်ထားခဲ့ပြီး အဖွားရဲ့ အုပ်ထိန်းမှုအောက်မှာဘဲကြီးပျင်းလာခဲ့ရတယ်၊ သူ့မှာ အခြားဆွေမျိုးသားချင်းရယ်လို့မရှိဘူး"

"သူအထက်တန်းတတိယနှစ်ရောက်တော့ အဖွားဖြစ်သူက နာမကျန်းစဖြစ်ပြီး ကောလိပ်ဝင်ခွင့်စာမေးပွဲလည်းပြီးရော ဆုံးပါးသွားခဲ့တယ်၊ သူလည်း မိဘတွေထားခဲ့တဲ့ အိမ်ကိုရောင်း၊ အဖွားရဲ့ ဈာပနာအတွက် စီစဉ်ပြီး အကြွေးတွေအများကြီးဆပ်လိုက်ရတယ်၊ အဲ့ဒီနောက် သူ့လက်ဝယ်ကျန်ရှိတဲ့ပစ္စည်းလေးတွေကိုသာ သိမ်းဆည်းပြီး ကျွန်တော်တို့ ကောလိပ်ကို ရောက်လာခဲ့တယ်၊ သူ့အထက်တန်းတုန်းက အမှတ်တွေသာ သာမန်အဆင့်လောက်ဘဲ မဟုတ်လို့ကတော့ ကျွန်တော်တို့ကောလိပ်ကို လျှောက်ခဲ့မှာတောင်မဟုတ်ဘူး"

Duo Meng《夺梦》// Seizing Dreams TranslationWaar verhalen tot leven komen. Ontdek het nu