Chapter 14

444 89 8
                                    

{Unicode}

[Vol-1: The Great Wall]
ကလေးငယ်တစ်ယောက်၏ အိမ်မက်

" ဒီနေ့က ခရစ်စမတ်အကြိုဘဲ "

Generalက ဆက်လက်၍ စကားဆိုလာခဲ့သည်။

ယွီဟောက်မှာမူ Generalကျောပေါ်၌ ခြေကားယား လက်ကားယား ဖက်ထားရင်းဖြင့် ပြန်ဆိုလေသည်။

" ကျွန်တော်မထင်ထားခဲ့ဘူးဗျ, နေ့ခင်းတုန်းကတောင် တော်တော်လေးအေးနေပြီကို ညဘက် အိမ်မက်ထဲလည်း ဒီလောက်ကြီး အေးနေဦးမယ်လို့လေ "

Generalက သာမန်ကာလျှံကာ မေးလာခဲ့၏။

" မင်း နေ့ခင်းဘက် ဘာတွေလုပ်လဲ "

" အချိန်ပိုင်းအလုပ်လုပ်တယ် "

ဘာကြောင့်မှန်းတော့ မသိပါ - စိတ်ထဲမှ အလိုအလျှောက် အာရုံရမိခြင်းများလားပင်၊  ယွီဟောက်သည်ကား Generalနှင့် အပြင်လောက၌လည်း ရင်းနှီးကျွမ်း၀င်ပါသလို အမြဲတစေ ခံစားနေရပြီး Generalဘက်ကသာ သူ၏သရုပ်အမှန်ကို တမင်သက်သက် ဖုံးကွယ်နေခဲ့သလိုပင်။

" ဘယ်လိုအလုပ်မျိုးလဲ? "

" လက်ကမ်း‌စာစောင်ဝေတာ "

" အို့၊ ဒါဆို တော်တော်လေး ချမ်းစိမ့်နေမှာပဲ "

Generalက ဆိုသည်။

" ကိုယ်ကတော့ အမွေးတွေအများကြီးရှိလို့ ကံကောင်းသွားတယ်၊ ဘာအအေးမှ ကြောက်စရာမလိုဘူး "

ယွီဟောက်တစ်ယောက် စတင်ရယ်မောလာခဲ့၏။ သူက General၏ လည်တိုင်ကို သိုင်းဖက်ထားရင်း ခန္ဓာကိုယ်တစ်ခုလုံးကို ကျောပြင်ပေါ်သို့ မှီထားလိုက်သည်။

" ကြည့်လုပ် ကောင်လေး၊ မင်းရဲ့ အမွေးထူထူလက်တွေကို ထိန်းစမ်း "

Generalက သူ့လည်ပင်းသူ ကုပ်လိုက်ပြီးနောက် ဆိုလာခဲ့သည်။

" လူနဲ့ မျောက်ကြားမှာလည်း လိင်ပိုင်းဆိုင်ရာ သီးသန့်ခွဲခြားထားတာမျိုး ရှိတယ်နော် "

[T/N: သဘောက ယွီဟောက်ဘက်က အရမ်းကပ်လွန်းတယ်ပေါ့, မျောက်လည်း ရှက်တတ်တယ်လို့ ဟွန့် ]

မျောက်တစ်ကောင်ဘက်မှ ဤကဲ့သို့ "မင်းရဲ့ အမွေးထူထူလက်တွေကို ထိန်းစမ်း" ဆိုသည့် စကားမျိုး ပြောလာသည်ကို ကြားသောအခါ ယွီဟောက်တစ်ယောက် ဝါးလုံးကွဲ မရယ်မိဘဲ မနေနိုင်တော့။ Generalက ထပ်မေးလာခဲ့သည်။

Duo Meng《夺梦》// Seizing Dreams TranslationWhere stories live. Discover now