Chapter 32

398 78 2
                                    

{Unicode}

[Vol-2: Chichén Itzá]
မူလအစ

နှစ်ယောက်သားသည်ကား ရှော့ပင်းမောလ်တစ်ခွင် လှည့်ပတ်သွားနေခဲ့ကြ၏။ ထိုစဉ် ကျိုးရှန်းတစ်ယောက် အလွန်အင်မတန်မှကို ဈေးနှုန်းခေါင်ခိုက်လှသည့် အမျိုးသားဝတ်အရောင်းဆိုင်ရှေ့တွင် ရပ်တန့်သွားခဲ့ပြီး အတွင်းသို့လှမ်းကြည့်လာခဲ့သည်။ ယွီဟောက်ခမျာ အနှီလူမှ အဝတ်တွေထပ်ဝယ်နေဦးမလား စိုးထိတ်သွားရ၏။ ထိုဆိုင်၌ အင်္ကျီတစ်ထည်ပင် ၂၀၀၀လောက် ဈေးရှိလေရာ သူ့ခမျာ အလျင်အမြန်‌ဆိုလိုက်ရတော့သည်။

" အဲ့ဆိုင်က Kandinsky‌အထည်တွေလောက်တော့ မိုက်မယ်မထင်ဘူး "

" မင်းသူ့ကိုသိတယ်လား? "

ကျိုးရှန်းကမူ အလွန်အမင်း အံ့အားသင့်သွားလျက်။

" ငါသူ့ရဲ့ စိတ္တဇပန်းချီကားတွေဆို အရမ်းသဘောကျတာ "

ယွီဟောက်ကဆိုသည်။

" ငမွဲကျောင်းသားတွေမှာလည်း အနုပညာခံစားပိုင်ခွင့်တော့ရှိပါတယ်ကွာ "

ကျိုးရှန်းမှဖြေလာခဲ့သည်။

" ငါလည်းတော်တော်သဘောကျတာ, ထပ်ဝယ်မလို့မဟုတ်ပါဘူးကွာ, သွားကြစို့ "

နေရာမှထွက်ခွာကြချိန်တွင် ကျိုးရှန်းတစ်ယောက် ရုတ်တရက်ကြီး စိတ်ဓာတ်လှုံ့ဆော်ခံလိုက်ရသည့်နှယ် ဆိုလာခဲ့၏။

" မင်းသုံးတဲ့ငွေတွေက အနည်းဆုံးတော့ မင်းလက်မင်းခြေနဲ့ရှာထားရတာတွေ, ငါကျတော့ရော? ခုချိန်ထိကို မိဘဆီကလက်ဖြန့်‌တောင်းနေရတုန်း, အာ့ကြောင့်မလို့ မင်းကို ဘယ်လိုမျက်နှာမျိုးနဲ့မှ အဲ့လိုစကားတွေပြောဖို့ မတတ်နိုင်ပါဘူးကွာ "

ယွီဟောက်က ပြုံးလိုက်ပြီးနောက် ဆိုလာခဲ့သည်။

" အဲ့တာဘာအရေးပါလို့လဲ? "

" မှန်းကြည့်, ငါဘယ်သူ့အိမ်မက်ထဲ ပထမဆုံးဝင်ခဲ့သလဲဆိုတာ? "

ကျိုးရှန်းက နောက်လှည့်လာခဲ့ပြီး ယွီဟောက်အားမေးသည်။

ယွီဟောက်ကမူ ကျိုးရှန်းမှ ဘာမပြောညာမပြောနှင့် ဤအကြောင်းအရာကို ရုတ်တရက် ထုတ်ပြောလာလိမ့်မည် မထင်ထားခဲ့ရာ တမဟုတ်ချင်းကို အံ့အားသင့်သွားရ၏။

Duo Meng《夺梦》// Seizing Dreams TranslationWhere stories live. Discover now