Chapter 5

562 94 0
                                    

{Unicode}

[Vol-1: The Great Wall]
လိုက်ပါပို့ဆောင်ပေးခြင်း

ယွီဟောက်တစ်ယောက် ရွာထဲမှ ထွက်လာပြီး လမ်း‌ဘေးတွင် သိုးထိန်းတစ်ယောက်အား တွေ့လိုက်ရသောကြောင့် အလွန်အံ့သြမှင်သက်သွားရ၏။ ထိုသိုးထိန်းက သူ့အား သံသယမျက်လုံးများဖြင့် ကြည့်လိုက်ပြီး ယွီဟောက်လည်း ထိုသူ့ထံ လိုက်ကြည့်မိနေပါ၏။

သိုးထိန်းက ဘေးမှဖြတ်လျှောက်သွားလေသည်။

" သူတို့က NPC ရွာခံတွေဘဲ " (Non-player character)

Generalက ပြောလာသည်။

" အခုတော့ သွားပြီး နှုတ်မဆက်နဲ့ဦး "

ရွာထဲမှ ထွက်လိုက်ကြပြီးနောက် ကျယ်ပြန့်လှသော မြက်ခင်းလွင်ပြင်ဆီမှ ဆင်အော်သံကို ကြားလိုက်ရသောအခါ ယွီဟောက်တစ်ယောက် လန့်ဖြန့်သွားရပြန်သည်။ မိမိတို့နှင့် သိပ်မဝေးကွာလှသော မြက်ခင်းစိမ်းစိမ်းတို့အကြား တစ်နေရာ၌ ရေအိုင်တစ်ခုရှိလေပြီး ဆင်တစ်ကောင်က ရေသောက်နေလေ၏။

" ဘာလို့လဲ? "

ယွီဟောက်က Generalဆီ လှည့်ကာ မျက်နှာချင်းဆိုင်လိုက်ပြီး မေးပြန်သည်။

Generalက ဖြေပေးလာသည်။

" တစ်ယောက်ယောက် အိမ်မက်မက်လိုက်တိုင်း အိမ်မက်က ဒီဧရာမကမ္ဘာကြီးထဲမှာဘဲ ဖြစ်တည်မှာ၊ ကတ်ထူစက္ကူပုံပဟေဠိ (jigsaw puzzle) မှာ အပိုင်းလေးတစ်ခု ဆက်လိုက်သလိုပဲ၊ အပိုင်းအစလေးတွေ ဆက်လိုက်လေ ပဟေဠိရဲ့ နောက်ထပ်အသစ်ပုံစံက ထပ်‌ပေါင်း ပေါ်လာလေဘဲ၊ ဥပမာပြောရရင်- မင်းက ဒီနေ့ မြေပြန့်လွင်ပြင်လိုနေရာမျိုးမှာ လဲလျောင်းနေတယ်လို့ အိမ်မက်မက်ရင် အဲ့ဒီ မြေပြန့်က မင်းရဲ့အိမ်မက်ထဲမှာ ထပ်ပြီး အစိတ်အပိုင်းအသစ်အဖြစ် မွေးဖွားလာလိမ့်မယ်၊ မင်းက တစ်ယောက်ယောက်ကို အိမ်မက်မက်လိုက်ပြီ ဆိုလည်း အဲ့လူက အိမ်မက်ထဲမှာ နောက်ထပ် NPCလူ အနေနဲ့ထပ်ပေါင်းထည့်လာမှာ၊ ပြီးတော့ အဲ့NPC က အမြဲ ပုံသေတည်ရှိသွားလိမ့်မယ်၊ သူတို့တွေက မင်းအပြင်လောက လူတွေအပေါ်မှာမြင်တဲ့ ထင်မြင်ယူဆချက်အတိုင်း ပေါ်လိမ့်မယ်၊ အခု‌တော့ သူတို့ကို စကားသွားပြောလိုက်ရင် ကိုယ်တို့တွေ ပြဿနာတက်သွားနိုင်တယ် "

Duo Meng《夺梦》// Seizing Dreams TranslationWhere stories live. Discover now