Chapter 52

271 48 0
                                    

{Unicode}

[Vol-2: Chichén Itzá]
ပေါင်းကူးတံတား

ချန်းယဲ့ခိုင်တစ်ယောက် ရုတ်တရက် အံ့ဩသွားပုံထောက်တော့ ဤကိစ္စကို သူမသိထားသည်မှာ လုံးဝကိုအထင်အရှားပင်။ ကျိုးရှန်းကမေးသည်။

"အဲ့နေ့တုန်းက ဆိုင်ထဲအခြားဘာတွေပြောဖြစ်သေးလဲ?"

ချန်းယဲ့ခိုင်, "ဟို......"

ကျိုးရှန်း, "နှစ်နဲ့ချီပြီးအိမ်တွင်းအကြမ်းဖက်ခံနေရလို့ လျန်ကျင်းမင်ဘက်ကကွာရှင်းချင်နေပြီ၊ အဲ့အတွက် သက်သေရှာပြီး အဲ့လူယုတ်မာကောင်ကိုဖော်ထုတ်မယ်ဘာညာ ပြောခဲ့တယ်မလား?"

ယွီဟောက်, "......"

ကျိုးရှန်း, "ခင်ဗျားတို့ပြောတဲ့စကားတွေကို လင်းရွှင်းကပြန်ကြားပြီးတော့ နောက်ရက်ကျ လျန်ကျင်းမင်ကိုရိုက်၊ ပြီးတော့ ၃၀ရက်နေ့ကျ ဒီမိန်းမသူ့အကြောင်းတွေ ဘာမှပြောလို့မရအောင် နုတ်ပိတ်ပစ်မယ်ဆိုပြီးကြံစီ၊ အဲ့ဒါနဲ့ ယာဉ်တိုက်မှုဖြစ်အောင်လုပ်မယ်ဆိုပြီးစီစဉ်ရော......"

ချန်းယဲ့ခိုင်, "ငါနဲ့ဟွမ်ထင် မသင်္ကာနေတာလည်းအဲ့ဒါပဲ! ဒါပေမယ့် သက်သေမရှိဘူးဖြစ်နေတယ်!"

ကျိုးရှန်း, "လျန်ကျင်းမင် ခါးပတ်မပတ်ထားဘူးဆိုတာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?"

"ဟုတ်တယ်!"

ယွီဟောက်ကလည်းဆိုသည်။

"ငါအဲ့ကားထဲမှာထိုင်ဖူးတယ်! ထိုင်ခုံခါးပတ်မပတ်ထားရင် ကားကတတီတီနဲ့မြည်နေမှာ!"

ကျိုးရှန်းတစ်ယောက် စစ်သေနတ်ပတ်သည့်နှယ် တရစပ်ရေရွတ်လာသည်။

"ဖြစ်နိုင်တာတော့ လျန်ကျင်းမင်ကိုအိမ်မှာကတည်းက သတိလစ်အောင်ရိုက်၊ တရွတ်တိုက်ဆွဲလာပြီးတော့ ကားထဲကိုထည့်၊ ထိုင်ခုံခါးပတ်ပတ်တဲ့ခလုတ်ကိုတပ်၊ ပြီးတော့ အဝေးပြေးလမ်းပေါ်ကိုမောင်း၊ "ဘန်း" ပွဲသိမ်းရော၊ CCTV တွေဘာတွေရော ကြည့်ပြီးပြီလား?"

"အဲ့မှာဘာCCTVမှမရှိဘူး!"

ချန်းယဲ့ခိုင်က အော်ပြောလာခဲ့သည်။

"သူအခုနေနေတဲ့အဆောင်က ခုမှဆရာတွေအတွက် အသစ်ဆောက်ပေးထားတဲ့ အဆောင်သစ်ကြီး၊ ကားဂိုထောင်ကလည်း အခြားဂိုထောင်တွေနဲ့ခွဲထားသေးတယ်!"

Duo Meng《夺梦》// Seizing Dreams Translationحيث تعيش القصص. اكتشف الآن