Chapter 42

263 63 4
                                    

‼️ TRIGGER WARNING ‼️
‼️ SUICIDE MENTIONED ‼️

{Unicode}

[Vol-2: Chichén Itzá]
မိုးသစ်တော

"ဘာကြီးလဲ?"

ယွီဟောက်ခမျာ တစ်ကိုယ်တည်း ရေရွတ်နေမိတော့သည်။

နောက်ထပ်များစွာသော မကောင်းဆိုးဝါးများက သူ့အား ရှာတွေ့သွားပြီဖြစ်၏။ ထိုအကောင်များက မီးပင်လယ်ကြီးအတွင်းမှ ပြေးထွက်လာခဲ့ကြရင်း ယွီဟောက်ဆီသို့ တွန့်ဆုတ်ခြင်းမရှိ ဒုန်းစိုင်းဦးတည်လာခဲ့ကြလေသည်! နောက်သို့လှည့်ကြည့်လိုက်လျှင် သူ့အနောက်ရှိ မိုးသစ်တောအတွင်း ရှိနေသည်ကမူ ဆူးပင်အခင်းကြီးဖြစ်ပြီး အရှေ့တွင်ရှိနေသည်ကမူ တစ်စတစ်စတိုးများလို့လာသော ပုပ်သိုးလောင်ကျွမ်းနေကြသည့် မကောင်းဆိုးဝါးများပင်ဖြစ်၏။ ယွီဟောက်သိရှိလိုက်ရသည်မှာတော့ သူဟာ တောင်ဝန်းကျင်ဧရိယာမှ ထွက်လာခဲ့ပြီဖြစ်ပြီး မိုးသစ်တောဇုန်ထဲသို့ ဝင်ရောက်လာခဲ့ပြီဆိုတာပင်။ ယခုအခါ ပတ်ဝန်းကျင်ဧရိယာကို အတားဆီးအကာအရံမဲ့ အထင်းသားမြင်ရနိုင်ပြီဖြစ်သည်။

ယွီဟောက်၏မျက်ဝန်းတစ်စုံဟာဆိုလျှင် မီးခိုးမွှန်ဒဏ်ကြောင့် ရဲရဲနီလို့နေကာ မျက်ရည်များဝဲနေရရှာသော်လည်း မီးစွဲနေကြသည့် ကတ္တရာစီးသဖွယ် ကျားသစ်ကောင်များက မြေပြင်အကျယ်ရှိရာတွင် လာရောက်စုစည်းလာကြရင်း သူ့အား ပတ်ပတ်လည်ဝိုင်းဝန်းလာခဲ့ကြ၏။ ယွီဟောက်ခမျာ ဖြည်းဖြည်းချင်း ခြေတစ်လှမ်းစီဆုတ်ကာ နှုတ်မှရေရွတ်နေရရှာသည်။

"ဖြည်းဖြည်း ဖြည်းဖြည်း..."

ကျားသစ်နက်များသည်ကား ရဲရဲတောက်လောင်မြိုက်နေခဲ့ကြပြီး ပြင်းစွာသောနာကျင်မှုဝေဒနာကို ခံစားနေကြပါသယောင် ထင်မှတ်ရစေ၏။ ရုတ်တရက် အဝေးတစ်နေရာဆီမှ လေချွန်သံတစ်သံ ကြားလိုက်ပါသလို ယွီဟောက်ခံစားမိလိုက်သည်။

"ကျိုးရှန်းလား?"

ယွီဟောက်က သတိတကြီးဖြင့်နေရင်း နောက်သို့ခေါင်းလှည့်ကြည့်သည်။

Duo Meng《夺梦》// Seizing Dreams TranslationWhere stories live. Discover now