Chapter 23

491 81 3
                                    

{Unicode}

[Vol-1: The Great Wall]
အတိတ်

" အဲ့ဒီ......မင်းရဲ့သီချင်း, ဘယ်သူ့အတွက်ဆိုခဲ့တာလဲ? "

ချန်းယဲ့ခိုင်မှ ရုတ်တရက်မေးလာခဲ့၏။

ယွီဟောက်, "......"

ယွီဟောက်ကမူ ခပ်ဆိတ်ဆိတ်သာနေလျက် အဖြေပြန်မပေးလာခဲ့ပေ။ သူက ချန်းယဲ့ခိုင်ကို အဆောင်ပြန်ခေါ်လာခဲ့ပြီး လှေကားထစ်များပေါ် ခေါ်လာပေးလိုက်သည်။ ချန်းယဲ့ခိုင်ကမူ ပြုံးလာခဲ့ပြီးမေး၏။

" အဲ့သူငယ်ချင်းဆိုတာဘယ်သူလဲ? "

" General "

ယွီဟောက်က ဖြေလိုက်သည်။

" Generalက......ဘယ်သူလဲ? "

ချန်းယဲ့ခိုင်က ထပ်မေး၏။

" ကျွန်တော့်နှလုံးသားထဲကသူတစ်ယောက်ပါ "

ယွီဟောက်ကပြုံးလာခဲ့ရင်း-

" ခင်ဗျားမဟုတ်ပါဘူး ချန်းလောင်ရှီး, ဒါပေမယ့်......ကျွန်တော် ခင်ဗျားအတွက်ဆိုပေးခဲ့တယ်လို့ သဘောထားလို့ရပါတယ်, ဒီသီချင်းလေးကို ကျွန်တော့်သူငယ်ချင်းအားလုံးအတွက် ဆိုပေးခဲ့တာပါ "

ကျိုးရှန်းအတွက်၊ ဖုလိချွင်အတွက်၊ ချန်းယဲ့ခိုင်အတွက်၊ ဟွမ်ထင်အတွက်၊ နောက်ပြီး သူနာမည်တောင်မသိသော လုံး၀သူစိမ်းသာသာမျှဖြစ်သည့် သတင်းထောက်မလေးအတွက်။ သူ့ကိုကူညီဖေးမပေးဖူးခဲ့သော လူတိုင်းအတွက် ဤသီချင်းကို သီဆိုပေးခဲ့ခြင်းဖြစ်၏ ...... သို့ပေမယ်လို့ နေရောင်အောက်မှ တစ်ဦးတည်းသောသူကတော့ Generalတစ်ယောက်တည်းသာ။

ချန်းယဲ့ခိုင် ခန္ဓာကိုယ်ကမူ ပိုပိုလေးလံလာခဲ့၏။ ယွီဟောက်လည်း ထပ်ပြီးအတွေးများနေလို့ မရတော့ပေ။ သူက ချန်းယဲ့ခိုင်လက်မောင်းတစ်ဖက်ကို ဆွဲယူလိုက်ပြီး လှေကားပေါ် ကူတက်ပေးလိုက်သည်။ ချန်းယဲ့ခိုင်‌ ဘောင်းဘီအိတ်ကပ်များထဲ မွှေနှောက်ရှာဖွေကြည့်လိုက်သော်လည်း အိမ်တံခါးသော့ရှာမတွေ့ပေ။ ချန်းယဲ့ခိုင်ကိုမူ ပုခုံးတစ်ဖက်ဖြင့် တံခါးနားထောက်စေလျက် မှီပေးထားလိုက်၏။ ယွီဟောက်တစ်ယောက် အနှီအိမ်တံခါးမှာ လက်ဗွေရာဖြင့် လော့ချရကြောင်း  ပြန်မှတ်မိသွားရာ ချန်းယဲ့ခိုင်လက်ကိုဆွဲယူလိုက်ပြီး တံခါးလော့တွင်ဖိ‌လိုက်ကာမှ ပွင့်သွားတော့လေသည်။

Duo Meng《夺梦》// Seizing Dreams TranslationWo Geschichten leben. Entdecke jetzt