Chapter 9

487 90 6
                                    

{Unicode}

[Vol-1: The Great Wall]
ကိုယ်စားပြုပစ္စည်း

Generalက ဗြက်ကျယ်ကျယ်ဓားကို ကိုင်စွဲလာရင်းဖြင့် ရှေ့သို့ ခြေလှမ်းတိုးလိုက်ပြီး ခါးကို အနည်းငယ်မျှ ကိုင်းလိုက်သည်။

လျိုဖုန်းရွှမ်က သုန်မှုန်နေသော အသံဖြင့် ပြောလာ၏။

" လာစမ်းပါ! ဒီလိုနေ့မျိုးကို စောင့်နေခဲ့တာ ကြာလှပြီကွ!! "

ထိုစကားလုံးများကို ကြားလိုက်သောအခါ ယွီဟောက်တစ်ယောက် ရုတ်တရက် အတိတ်‌နေ့ရက်များကို ပြန်တွေးမိသွား၏။ လွန်ခဲ့သော သုံးနှစ်ကာလအတွင်း သူသည်ကား လျိုဖုန်းရွှမ်က မိမိထံသို့ ကောင်းကောင်းလေးဆုံးမပေးရန် လာရှာလိမ့်မည်ဟု အမြဲတမ်းတွေးနေမိခဲ့၏။ ထိုမှသာ မိမိတို့နှစ်ယောက်ကြားမှ ရန်ငြိုးရန်စများက ဆုံးခန်းတိုင်လိမ့်မည်ပင်။ သို့သော်လည်း လျိုဖုန်းရွှမ်က ရောက်မလာခဲ့သောကြောင့် မိမိ၏ အသိစိတ်ထဲတွင် အမြဲနေရာယူ‌နေလျက်ရှိကာ ဘယ်သောအခါမှ ထွက်မသွားခဲ့။

" ငါဘာအမှားမှ မလုပ်ခဲ့ဘူး! "

ယွီဟောက်က ရုတ်တရက် အော်ပြောလာခဲ့သည်။

" မင်းကသာ ငါ့ကိုအရင် သစ္စာဖောက်ခဲ့တဲ့သူ! "

ထိုအခိုက်အတန့်ပြီး,ပြီးချင်းတွင်တော့ Generalက ငွေရောင်အလင်းတန်း တဖြတ်အလား အသွင်ပြောင်းသွားခဲ့ပြီး ရှေ့သို့ဦးတည်လျက် လျိုဖုန်းရွှမ်နှင့် စီးချင်းထိုးရန် ‌လျင်လျင်မြန်မြန်ပြေးသွားခဲ့သည်။ လျိုဖုန်းရွှမ်ကလည်း တစ်ချက်မျှ ကျယ်လောင်စွာ ကြိမ်းဝါးလိုက်ပြီး သူ၏လက်ထဲရှိ ရှည်လျားသောတုတ်ထံမှ တောက်လဲ့လှသော အလင်းရောင်များက ထွက်ပေါ်လာခဲ့၏။ ဟောခန်းမအတွင်းရှိ ရွှေသားကျောက်ရုပ်ထုများ အားလုံးမှာ စတင်လှုပ်ခါလာတော့သည်။

အနှီရွှေရောင်ရုပ်ထု ရှစ်ခုသည်ကား မိမိဂျူနီယာအထက်တန်းတုန်းက အတန်းဖော်များ၏ ရုပ်ရည်များ ပိုင်ဆိုင်ထားလျက်။ ထိုရုပ်ထုများက စင်္ကြံလမ်းအလည်တွင် ရပ်နေကြသော လူနှစ်ဦးထံ ဦးတည်လာခဲ့ကြသည်။ Generalက ကြီးမားလှသော ဓားကို၀င့်စဉ် လျိုဖုန်းရွှမ်ကလည်း ရှည်လျားသောတုတ်ကို လွှဲရမ်းကာ မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ယောက်သားမှာ မြောက်များစွာသော တိုက်ကွက်များ ဖလှယ်ပြီးနှင့်လေ၏-- နှစ်ယောက်စလုံးသည်ကား အလွန်လျင်လျင်မြန်မြန်ကို လှုပ်ရှားနေကြသောကြောင့် ယွီဟောက်၏မျက်လုံးများပင် လိုက်မမှီနိုင်တော့။ ယွီဟောက်က လက်ထဲမှပစ္စည်းကို ဓားရှည်နှစ်ချောင်း အသွင်ပြောင်းစေပြီး တိုက်ပွဲအတွင်းသို့ အတူ၀င်ရောက်လိုက်သည်။

Duo Meng《夺梦》// Seizing Dreams TranslationWhere stories live. Discover now