Chapter 29

477 89 8
                                    

{Unicode}

[Vol-2: Chichén Itzá]
ဝန်ခံခြင်း

ကျိုးရှန်းတစ်ယောက် အိပ်ရာပေါ်ပြန်လှဲရန်ပြင်နေခဲ့ချိန် ယွီဟောက်မှမေးလာခဲ့ပြန်၏။

" ဒါဆို ရှစ်နီရဲ့အိမ်မက်ကိုကျ ဘယ်လိုရှင်းမလဲ? ဘယ်လိုလုပ်ပြီး ငါနဲ့ဆင်တူ တစ်ပုံစံတည်းမက်တဲ့သူ နောက်ထပ်တစ်ယောက်ရှိနေနိုင်မှာလဲ? "

" နောက်ပြီး ဆွေးနွေးခန်းမထဲမှာတုန်းက မင်းဘက်ကစပြီး ရှစ်လျန်ကိုကိုယ်ထိလက်ရောက်လုပ်စရာ အကြောင်းမရှိဘူးလေ, ဒါပေမယ့် မင်းလုပ်ခဲ့တယ်, လုပ်တာတောင် သူ့သမီးရှေ့မှာမှ ရွေးပြီးလုပ်ခဲ့တာနော်, မင်းရည်ရွယ်ချက်က ရှစ်နီစိတ်ထဲမှာ အမြင်တစ်ခုချန်ရစ်ထားခဲ့ဖို့ဘဲ, သူ့မသိစိတ်ထဲ မင်းကသူ့အဖေကို ကောင်းကောင်းဆုံးမပေးနိုင်တဲ့သူလို့ ယုံကြည်သွားတယ်လေ, သူက animeတွေ comic ကာရိုက်တာတွေကိုသဘောကျပြီး အဲ့ကာရိုက်တာတွေထဲကတစ်ယောက်က စွန်းဝူခုန်းဆိုတဲ့ စွမ်းအားရှင်ဘဲ! မင်းရဲ့ဆံပင်အနီရောင်က စွန်းဝူခုန်းရဲ့ ပုံပန်းသွင်ပြင်နဲ့သွားတူနေတယ်လေ, သူက မသိစိတ်ထဲ မင်းနဲ့စွန်းဝူခုန်းကို ရောနှောပစ်လိုက်မိရော, ဒါကြောင့်မို့လို့လည်း မင်းသူ့အိမ်မက်ထဲမှာ ကိုယ်ထင်ပြလို့ရသွားပြီး သူ့ကိုကယ်တင်ပေးဖို့လုပ်ခဲ့တာ "

ကျိုးရှန်းခမျာ ရယ်ရမလား ငိုရမလား‌ပင် ဝေခွဲမရတော့။ သူကဆိုလာခဲ့သည်။

" မင်းအများကြီးလျှောက်တွေးနေပြန်ပြီ, ယွီဟောက်ရာ! ငါသူ့ကိုရိုက်တယ်ဆိုတာကလည်း မင်းအနိုင်ကျင့်ခံနေရတာကို လက်ပိုက်ကြည့်မနေနိုင်လို့လေကွာ! "

" မင်းသာ တကယ်ဒေါသထွက်လို့ရိုက်တာဆိုရင် အဲ့လိုအပြုအမူမျိုးလုပ်မှာမဟုတ်ဘူး, ရယ်လည်းရယ်နေမှာမဟုတ်သလို အပြင်မှာကတည်းက လိချွင်နဲ့ ကြိုပြီးတိုင်ပင်ထားမှာလည်းမဟုတ်ဘူး, မင်းရှစ်လျန်ကိုမထိုးခင်ကတည်းက သူအရင်အထဲကိုဝင်လာပြီး ချုပ်ပေးဖို့ စီစဉ်ထားခဲ့တာမျိုးလေ "

ယွီဟောက်သည်ကား ကျိုးရှန်းကို တည့်တည့်ပင်မကြည့်ရဲတော့။

" မင်းသူ့ကိုရိုက်ဖို့ အစကတည်းကကြိုစီစဉ်ထားခဲ့တာ, ဒါပေမယ့် ဘာလို့အဲ့လိုမျိုးကြံစီရတာလဲ? နောက်ပြီး မင်းက ငါပေးလိုက်တဲ့totemကိုတောင် ကျင်ကူးကျိန်စာအဖြစ် ပြောင်းလဲသွားတယ်လို့ တွေးနေသေးတယ်မလား? ဘာလို့ဆို မင်းဘက်က ငါ့ပြဿနာကို ဖြေရှင်းပေးဖို့လိုအပ်တယ်လို့ တွေးမိလိုက်လို့လေ, မင်းဆက်ပြီးလက်ပိုက်ကြည့်မနေနိုင်တော့လို့ အဲ့ဒါက မင်းလုပ်ရမယ့်တာဝန်အဖြစ် ပြောင်းလဲသွားခဲ့တာ "

Duo Meng《夺梦》// Seizing Dreams TranslationWhere stories live. Discover now