Chapter 43

258 60 6
                                    

{Unicode}

[Vol-2: Chichén Itzá]
Ryuusei

T/N: Ryuuseiနာမည်က ဂျပန်လိုအနီးစပ်ဆုံးထွက်ရင်တော့ ရူးဆေးပေါ့၊ ဒါမဲ့ဖတ်ရတာတမျိုးကြီးမလို့ ရူဆဲလို့ဘဲရေးပါမယ်နော်

❗️Mild NSFW Warning❗️

ကျိုးရှန်း, "ဒီလောက်ဆို ငါတို့ သူ့ရင်ထဲခံစားနေရတာတွေကို အကြမ်းဖျင်းခန့်မှန်းလို့ရသွားပြီ၊ ထတော့, ခေါင်မိုးထပ်သွားကြည့်ရအောင်"

လက်ချောင်းထိပ်လေးများဖော်ထားသော အနက်ရောင်လက်အိတ်ဖြင့် ကျိုးရှန်းက ယွီဟောက်ဆီသို့လက်လှမ်းကာ ဆွဲထူလိုက်သည်။ နှစ်ယောက်သားမှာ တတိယထပ်မှတစ်ဆင့် လှေကားအတိုင်းတက်သွားလိုက်ကြပြီး အင်း၏ခေါင်မိုးထပ်ပေါ်သို့ တက်သွားကြသည်။ ထိုနေရာမှကြည့်လျှင် မိုးသစ်တောနေရာ တော်တော်များများကို ကွင်းကွင်းကွက်ကွက် မြင်ရနိုင်ပါ၏။ ထိုင်းမှိုင်းမှုန်ရီနေသော မိုးသားကောင်းကင်အောက် ယွီဟောက်မြင်လိုက်ရသည်မှာ မိုးသစ်တောအလယ်ဗဟိုချက်တွင် အခန့်သားတည်ရှိလို့နေသော အဆမတန်ကြီးမားလွန်းလှသည့် ဧရာမရေတံခွန်ကြီးပင် ဖြစ်သည်။

ရေတံခွန်ကြီး၏အခြားတစ်ဖက်တွင်မူ ပတ်ပတ်လည်ကာရံပိတ်ဆို့ထားသော ကျောက်တုံးမြို့တော်သဖွယ် ထင်ရစေသည့် နေရာတစ်ခုရှိပါ၏။

"ကြည့်ရတာ တောင်အမေရိကတိုက်-ဟိုဟာ-ပိရမစ်တစ်ခုခုဘဲ"

ကျိုးရှန်းက မရေမရာစွာဆိုသည်။

"သူတို့သွားလည်ဖူးတဲ့ ရှုခင်းတွေထဲကတစ်ခုဖြစ်မယ်၊ ငါကျအဲ့လိုဟာတွေနဲ့သိပ်မရင်းနှီးတော့ မပြောတတ်ဘူး၊ မင်းဘဲသူ့အသိစိတ်ကမ္ဘာကို တစ်ချက်ကြည့်ကြည့်လိုက်တော့၊ အခြားဘာခံစားမိသေးလဲ?"

ယွီဟောက်သည်ကား ပိန်းပိတ်နေအောင်မှောင်မည်းလို့နေသော အထက်ကောင်းကင်ယံကြီးကို ကျောပေးကာမတ်တပ်ရပ်နေခဲ့ခြင်းဖြစ်ပြီး ဦးခေါင်းအထက်ရှိ တိမ်ညိုတိမ်မည်းတို့က ဖိနှိပ်ချုပ်ချယ်သော ဂုဏ်အရှိန်အဝါတို့ကို တလူလူထုတ်လွှတ်နေခဲ့ပေသည်။ မည်သည့်အရပ်မျက်နှာကိုမဆိုကြည့်လိုက်လျှင်လည်း မီးလောင်တိုက်သွင်းခံထားရသော မိုးသစ်တောများကို တွေ့နေရပါ၏။ ရက်စက်ကြမ်းတမ်းသော ပြစ်ဒဏ်ဖြင့် အထက်ကောင်းကင်ဘုံကြီးက မရပ်မနား ဒဏ်ခတ်နေခဲ့ကာ သစ်တောနေရာတော်တော်များများမှာ မိုးကြိုးမုန်တိုင်းအကြား တောက်ပစွာလောင်ကျွမ်းနေကြတော့သည်။

Duo Meng《夺梦》// Seizing Dreams TranslationWhere stories live. Discover now