Chapter 20

551 85 1
                                    

{Unicode}

[Vol-1: The Great Wall]
ကျူရှင်

ဒီကနေ့ဟာဆိုလျှင် ယွီဟောက်အတွက် ဘ၀သစ်တစ်ခုကို အမှန်တကယ် စတင်နိုင်ခဲ့လေပြီ -- ၎င်းက ရှစ်နီအတွက် ဘ၀သစ်စခြင်း ဖြစ်ပေမယ်လို့ သူ့အတွက်လည်း ထိုနည်းလည်း‌ကောင်းပေ။ ချန်းယဲ့ခိုင်က သူ့အား ဆံပင်ညှပ်လက်ခံရန် ဖိထားလျက်ရှိပြီး မှန်ထဲမှ မိမိဟာဆိုလျှင် ပို၍တက်တက်ကြွကြွ လန်းလန်းဆန်းဆန်းဘရှိနေခဲ့ပြီဖြစ်ကြောင်း မြင်လိုက်ရ၏။ ချန်းယဲ့ခိုင်မှ ဘာပြောနေခဲ့သလဲဆိုတာကို တကယ်ကြီး မကြားနိုင်တော့။ လူက တစ်နေ့လုံး စိတ်လွင့်နေခဲ့သောကြောင့်ပင်။

Generalနှင့် ခွဲခွာနှုတ်ဆက်ခဲ့ရပြီဆိုသော အတွေးများသာ စိတ်အစဉ်တွင် ပြည့်နှက်လို့နေခဲ့၏။

" မင်းမြတ်နိုးတဲ့သူနဲ့ဘဲ ချစ်ကျွမ်း၀င်သွားမှာပါ...... "

" မင်းနေရာပေါင်းများစွာဆီ သွားလိမ့်မယ်...... "

" ပြီးရင် မင်းလုပ်ချင်တာတွေလုပ်ပြီး မင်းနေချင်တဲ့ဘ၀မျိုးနဲ့ နေထိုင်သွားမှာ...... "

" ဒီနေ့ နေထွက်တာနဲ့ မင်းဘ၀သစ်ကိုလည်း လမ်းခင်းပေးသွားလိမ့်မယ်...... "

" Ai! "

ကျိုးရှန်းမှ ယွီဟောက်အား လက်တွေ့လောကသို့ ပြန်ဆွဲထုတ်လိုက်၏။

" ဘယ်လိုနေလဲ? "

အနှီသူက သူ့ဆံပင်စတိုင်အသစ်ကို ကြည့်ရန် ယွီဟောက်အား အမူအ‌ရာပြလေသည်။

ကျိုးရှန်းဆံပင်သည်ကား လူကြီးလူကောင်းဆန်ဆန် buzz cut အဖြစ်သို့ ပြောင်းလဲသွားပြီပင်။ ဆေးဆိုးထားသော ဆံပင်များကိုလည်း မမြင်နိုင်တော့။ စတိုင်လစ်ငယ်ငယ်လေးက မျက်ခုံးပေါ်တွင် လိုင်းနှစ်ကြောင်း ပုံ‌ဖော်ရန်ပါ အကြံပေးလာခဲ့ရာ ၎င်းက မူလတုန်းက မျက်ခုံးထက်ရှိ ခပ်တိမ်တိမ်အမာရွတ်နှင့်ပါ လိုက်ဖက်သွားသဖြင့် အမာရွတ်ကို မသိမသာဖြစ်သွားစေပါ၏။ မျက်ခုံးထက်မှ လိုင်းဖြတ်ဖြင့် သူ့ပုံပန်းသွင်ပြင်မှာ တော်တော်လေးကို ကြည့်ကောင်းလွန်းလေသည်။

" သောက်ရမ်းရုပ်ဆိုးသွားပြီကွာ! "

ကျိုးရှန်း၏နှုတ်ခမ်းထောင့်များမှာ မဲ့ရွဲ့လို့နေခဲ့၏။

Duo Meng《夺梦》// Seizing Dreams TranslationWhere stories live. Discover now