Chapter 33

386 77 0
                                    

{Unicode}

[Vol-2: Chichén Itzá]
စီမံကိန်း

ဤသို့ဖြင့် သုံးယောက်သားမှာ ဆေးရုံခန်းထဲတွင် နှစ်နာရီတိုင်တိုင် ဂိမ်းထိုင်ဆော့နေခဲ့ကြသည်။ ချန်းယဲ့ခိုင်ကမူ မည်မျှပင် ယွီဟောက်ဘက်မှ နွားနို့ထောက်‌ပံ့ပေးနေပါစေ ခနတိုင်းအသတ်ခံနေရရှာ၏။ သို့ပေသိ သူကအမှုမထားဘဲ ရှေ့သို့သာ ဆက်လက်ချီတက်နေခဲ့ကာ မသိလျှင်အသက်ကိုဖြုန်းတီး‌ပစ်နေပါသည့်နှယ်။ နှစ်သစ်ကူးပထမရက်‌ကလေးမှာတင် ၅ပွဲ၆ပွဲဆက်တိုက် ရှုံးနိမ့်နေခဲ့ကြသဖြင့် ကျိုးရှန်းပင် ဆက်ပြီးကြည့်မနေနိုင်တော့ချေ။

" တော်ပါပြီ, ဆက်မဆော့တော့ဘူး, ကိုယ်ကသိပ်ပြီး ချီထျန်းတာ့ရှန့်မကိုင်တတ်ဘူးရယ် "

ချန်းယဲ့ခိုင်မှ သက်ပြင်းချလာခဲ့သည်။

" နှစ်သစ်ကြီးမှာ မင်းတို့ကိုတော်တော်ရှုံးအောင် လုပ်မိပါပြီကွာ "

သူကပြောနေရင်းတန်းလန်း နှစ်သစ်ကူးပထမရက်ဖြစ်ကြောင်းကို သတိရသွားကာ ဖုန်းထုတ်လျက် ဟုန်ပေါင်းပေးရန်ပြင်လေသည်။

" ပေးစရာမလိုပါဘူးဗျာ! "

ယွီဟောက်သည်ကား ဒီကနေ့အဖို့ ငွေ‌များ အလုံးအရင်းဖြင့်ကို ရရှိနေခဲ့သဖြင့် ဘယ်လိုနည်းနှင့်မှ ကျေးဇူးပြန်ဆပ်နိုင်မည် မဟုတ်ပါတော့ချေ။

" လောင်ရှီးတို့‌မိသားစုက ရေလျှံတယ်ရယ် "

ချန်းယဲ့ခိုင်ကမူ သာမန်ကာလျှံကာဆိုလာခဲ့၏။

" ဘယ်လောက်မှကုန်မသွားပါဘူး "

ချန်းယဲ့ခိုင်ကြည့်ရသည်မှာ အိပ်ချင်မူးတူးဖြစ်နေပုံပေါ်ပြီး ယခင်ကကဲ့သို့လည်း သိပ်ပြီးစကားအပြောအဆိုဆင်ခြင်ပုံမရချေ။ ကျိုးရှန်းနှင့်ယွီဟောက်တို့မှာလည်း လက်သာလက်ခံလိုက်ရတော့သည်။

ပါမောက္ခလင်းကမူ ခုချိန်ထိရောက်ရှိမလာသေးကာ မည်သူမှမသိလိုက်ခင်မှာပင် ညဉ့်လည်းအတော်နက်နေပြီဖြစ်၏။ ကျိုးရှန်းက အကြံပြုလာခဲ့သည်။

" ညစာအတူစားရအောင်? "

ချန်းယဲ့ခိုင်, " မင်းတို့ဘဲသွားနှင့်လိုက်ပါ, စားပြီးရင် လူနာဆောင်ဆီ ပါဆယ်လာပို့ပေးဖို့ ဆိုင်ကိုပြောထားခဲ့လိုက်, နေ့ခင်းတုန်းကအဲ့ဒီသရေစာတွေစားထားလို့ ဗိုက်ကသိပ်မဆာဘူးရယ်, ဆိုင်ကို ဘီယာနှစ်ပုလင်းရောပို့ပေးဖို့ပြောလိုက်ဦး "

Duo Meng《夺梦》// Seizing Dreams TranslationWhere stories live. Discover now