Chapter 15

464 83 1
                                    

{Unicode}

[Vol-1: The Great Wall]
အဖော်မဲ့ ကျွန်းလေး

T/N

ရှေ့မှာ ကိုယ်စားပြုပစ္စည်းလို့ သုံးခဲ့သမျှ ခုအပိုင်းကနေစပြီး totem လို့သာ ပြောင်းသုံးပါမယ်၊ မူရင်းမှာကိုက 图腾 - totemဆိုပြီး မွေးစားစကားလုံးနဲ့ သုံးထားတာ ခုမှသိလို့ပါ T~T အဓိပ္ပာယ်ကတော့တူတူပါပဲ.

•••

ဖုန်းချလိုက်ပြီးနောက် ယွီဟောက်တစ်ယောက် ဆီးနှင်းဖွေးဖွေးများအလယ် အဆောင်ဆီသို့ ဖြေးဖြေးချင်း ပြန်လည်လျှောက်လှမ်းသွားလိုက်သည်။ အာ့ကောထို တစ်ပုလင်း နှစ်ပုလင်းလောက် သောက်သုံးခဲ့သဖြင့် လူလည်း အနည်းငယ်မျှ ရီဝေဝေဖြစ်နေခဲ့ပြီပင်။

ထို့နောက်တွင်တော့ အားနည်းချိနဲ့စွာဖြင့် အိပ်ရာပေါ်သို့ ပုံလဲကျသွား၏။ သူက မျက်လုံးများမပိတ်ဆို့မှီ နှိုးစက်နာရီဆီသို့ တစ်ချက်လှမ်းကြည့်လိုက်သည်။

11:50.

တောက်တောက်ပပ ရွှေအိုရောင်အလင်းတန်းတစ်ခုက တဖန်ထပ်၍ ရှိနေခဲ့ပြန်သည်။ ယခုတစ်ခေါက်တွင်တော့ ယွီဟောက်တစ်ယောက် အရင်တစ်ခါထက် ပိုပြီး ပြတ်ပြတ်သားသား ခံစားမိပြီဖြစ်၏။ သူ့ခန္ဓာကိုယ်သည်ကား မြေပြင်ထက်မှ လွင့်မြောနေခဲ့ရင်း ကောင်းကင်ယံရှိ စူးရှတောက်ပသော သူရိန်နေမင်းဆီသို့ ပျံသန်းနေခဲ့လေသည်။ မျက်တောင်တစ်ဖြတ်ခတ်စာ အချိန်လေးမှာတင် ခန္ဓာကိုယ်က နေမင်းကြီးဆီ တည့်တည့်မတ်မတ် သွားနေခဲ့ပြီးသားပင်။

အကျိုးအပဲ့အသံများနှင့် ကြေမွပျက်စီးသံများက ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပြန်သည်။ ဘေးပတ်၀န်းကျင် ကမ္ဘာကြီးမှာမူ လည်ပြီးရင်းလည်နေခဲ့ပြီး ၎င်းနှင့်အတူ General၏ ဒေါသတကြီးအော်ဟစ်သံတို့က တွဲလျက်ထွက်‌ပေါ်လာခဲ့၏။

" မင်းဘာလို့ ပြန်ရောက်လာတာလဲ?! နောက်တစ်ရက်တောင် ထပ်မစောင့်နိုင်ဘူးလားကွာ... "

ထိုအခိုက်အတန့်ပြီးပြီးခြင်းမှာပင် ပင်လယ်မကောင်းဆိုးဝါးကြီး၏ ကိုယ်ထည်ပတ်လည်ရှိ ရေဘဝဲလက်များက နှစ်ယောက်သားဆီသို့ လာရောက်ရစ်ပတ်ကြခဲ့ကြကာ ၎င်းတို့က ယွီဟောက်အား ပထမဆုံးအနေဖြင့် သွားချွန်ချွန်များအပြည့်ရှိသည့် ပါးစပ်ပေါက်ကြီးထဲ ပစ်ထည့်ရန် ပြင်နေပါ၏!

Duo Meng《夺梦》// Seizing Dreams TranslationWhere stories live. Discover now