Chapter 36

316 82 5
                                    

{Unicode}

[Vol-2: Chichén Itzá]
စိန်ခေါ်ခြင်း/ ချိန်းပွဲ

ကျိုးရှန်းသည်ကား ဒီကနေ့တွင် ထသွားထလာ suit ဂျာကင်အင်္ကျီကို ဝတ်ဆင်ထားခဲ့ခြင်းဖြစ်သည်။ တောင်ခြေမှာတုန်းကတော့ သူက အင်္ကျီကိုလက်ထဲ၌သာ ကိုင်ဆောင်ထားခဲ့ပြီး တောင်ထိပ်ပေါ်ရောက်မှသာ ဝတ်ဆင်ထားလေသည်။ ယွီဟောက်ပင် စစချင်း ၎င်းကိုသတိမထားမိသဖြင့် နှစ်ကြိမ်တိုင်တိုင် သူ့အားကျော်သွားမိတော့မလို ဖြစ်ခဲ့ရ၏။ သူက ကိုယ့်ကိုယ်ကို ဟန်မပျက်ပြန်ထိန်းလိုက်ပြီးနောက် အနှီလူ၏ မျက်နှာအမူအရာကို တွေ့မြင်လိုက်ရသည်။ ကျိုးရှန်း၏ပုံစံမှာ အခုဘဲ လူထသတ်တော့မယောင် ထင်ရ၏။ အကယ်၍သာ အမျက်ဒေါသကို ရုပ်လုံးအသွင်အဖြစ် ဖန်တီးဖော်ပြလို့ရမည်ဆိုလျှင် ၎င်းမှာ အခုဘဲ အာကာယံအထက် ဆန်တက်သွားနိုင်လောက်သည့် ထူးထူးခြားခြားစွမ်းအင်မျိုး ပိုင်ဆိုင်နေလိမ့်မည်မှာ ဧကန်မုချပင်ဖြစ်သည်။

ထို ယဲ့ကျင့်အမည်ရှိမိန်းကလေး ဘယ်ရောက်သွားသလဲတော့ သူမသိပါချေ။ လက်ရှိတွင် ကျိုးရှန်းက တစ်ယောက်တည်းထိုင်နေခြင်းဖြစ်၏။

ဘာရယ်ကြောင့်လဲမသိ၊ ကျိုးရှန်းမှ ဘာစကားတစ်ခွန်းမှမဆိုဘဲနှင့်တောင် ယွီဟောက် သူ၏ ‌စိတ်ဆိုးခြင်း၊ ပျော်ရွှင်ခြင်းနှင့် အခြားသောစိတ်ခံစားချက်များကို ရှင်းလင်းကွဲပြားစွာ အာရုံခံနိုင်စွမ်းရှိပါသည်။ အတိတ်တုန်းကတော့ သူက ၎င်းကို အလိုအလျောက်အသိကြောင့်ဟု အမြဲတစေ ထင်မှတ်ခဲ့သော်လည်း ဒီကနေ့တွင်တော့ ၎င်းက သိသိသာသာကို ထင်ရှားလှပါသည်။

" မင်းကဘာလို့ တစ်ယောက်တည်းဖြစ်နေတာတုန်း? "

ယွီဟောက်ကမေးသည်။

" အခြားသူတွေကရော? "

" ငါငေါက်လိုက်တာ ထွက်ပြေးသွားပြီ "

" ဘာကိစ္စငေါက်လိုက်တာတုန်း? "

ယွီဟောက်ခမျာ ကြောင်အမ်းသွားရ၏။ ခနနေလျှင် သူမဆီ မြန်မြန်သွားတောင်ပန်ဖို့လိုပြီဟု သူတွေးလိုက်မိသည်။

ကျိုးရှန်းကခေါင်းမော့ကာ ယွီဟောက်ထံ ကြည့်လာခဲ့သည်။

" ငါမင်းကိုမေးပါရစေဦး, မင်းဘာစိတ်ကူးနေတာလဲ? ငါ့ကိုစောင့်ဦးလို့ပြောခဲ့ရဲ့သားနဲ့ မင်းကဒီအတိုင်း အရင်ထွက်သွားတယ်ပေါ့? "

Duo Meng《夺梦》// Seizing Dreams TranslationWhere stories live. Discover now