Chapter 10

517 95 3
                                    

{Unicode}

[Vol-1: The Great Wall]
အင်တာဗျူး

ထိုအခိုက်အတန့်တွင် ယွီဟောက်တစ်ယောက် လည်ပတ်စီးဆင်းနေသော သွေးများပင် ရပ်တန့်သွားလေသလား ခံစားလိုက်ရ၏။

သူက ခေါင်းစွပ်အောက်တွင် Generalမည်သို့မည်ပုံ ရုပ်ရည်ရှိကြောင်း မြင်လိုက်ရသည်..... သို့သော်ငြား ခေါင်းစွပ်အတွင်း၌ ရှိနေခဲ့သည်မှာ ဗလာနတ္ထိ။

ဟုတ်ပါ၏။ ဘာဆိုဘာမှရှိမနေခဲ့ပါ။ ဦးခေါင်းတစ်ခု ရှိနေရမည့်နေရာတွင်ကား ဝေဝေဝါးဝါး မြူခိုးများနှင့် လင်းရောင်ခြည်အချို့သာ။

" ခင်ဗျား...... General? "

ယွီဟောက်က တီးတိုးစကားဆိုလျက် အနှီလူ၏ မျက်နှာရှိနေရမည့် နေရာကို ထိတွေ့ရန်လက်လှမ်းလိုက်သည့်တိုင် လက်ချောင်းများက မြူခိုးငွေ့များကို ဖြတ်သွားခဲ့လေသည်။

" ကိုယ်က လူတစ်ယောက်မဟုတ်ဘူး "

Generalက ဆိုလာ၏။

" တကယ်တော့ ကိုယ်က ဘာလဲဆိုတာ‌တောင် မသိ‌ဘူးရယ် "

ယွီဟောက်မှာမူ ဗလာကျင်းနေသော အကြည့်များဖြင့် သူ့ထံ ငေးကြည့်နေမိ၏။

Generalက ထပ်ဆိုလာသည်။

" မင်းတို့လူသားတွေရဲ့ အသိစိတ်ကမ္ဘာတွေထဲ ခရီးသွားတိုင်း ကိုယ့်မှာ တိကျတဲ့ ရုပ်နာမ်ဆိုတာမျိုး မရှိခဲ့ဘူး၊ ပြီးတော့ ကိုယ်က မင်းတို့လက်တွေ့လောကနဲ့လည်း ဘာမှသက်ဆိုင်မနေပြန်ဘူး၊ အဲ့ဒါကြောင့်, မင်းအခု အကုန်လုံးကို နားလည်သင့်ပါပြီ, ဟုတ်တယ်မလား? "

ယွီဟောက် မျက်နှာထက်တွင် မျက်ရည်စများစီးကျလာခဲ့သည့်တိုင် သူက ပြုံးသာပြုံးနေလျက် ဆိုလာခဲ့သည်။

" ကျေးဇူးပါ, General.  ကျွန်တော်ခင်ဗျားကို ပစ္စည်းတစ်ခုလောက် ပေးလို့ရမလား? "

Generalက ခေါင်းစွပ်ပြန်၀တ်လိုက်ပြီး အနည်းငယ် အံ့အားသင့်စွာဖြင့် -

" ကိုယ့်ကို ပစ္စည်း ပေးချင်တယ်? "

ယွီဟောက်က ကိုယ်စားပြုပစ္စည်းရှိရာဆီသို့ လက်ကိုဆန့်ထုတ်လိုက်၏။ ထိုပစ္စည်းအား လွှမ်းခြုံလျက်ရှိသော ရွှေအိုရောင်အလင်းတန်းမှ အနည်းငယ်မျှက ဖိတ်စင်ကျလာခဲ့ပြီး ကောင်းကင်ယံတစ်လျှောက် တောက်လဲ့သော ရွှေရောင်စီးကြောင်းလေး ဖွဲ့စည်းသွားလေ၏။ ထို့နောက် ၎င်းက ယွီဟောက်လက်ပေါ်တွင် လာရောက်၍ ဒိုင်းအကာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

Duo Meng《夺梦》// Seizing Dreams TranslationOnde as histórias ganham vida. Descobre agora