Chapter 45

268 61 7
                                    

{Unicode}

[Vol-2: Chichén Itzá]
တောင်းပန်ခြင်း

တိုင်ရာနိုဆောရက်စ်ကြီး ချသမျှခြေလှမ်းတိုင်းမှာ တဒုန်းဒုန်းဖြင့် ကျယ်ကျယ်လောင်လောင် ဆူညံလို့နေပြီး ခြေတစ်လှမ်းလျှင် ၅မီတာမှ၆မီတာအကျယ်နှုန်းဖြင့် မမောနိုင်မပန်းနိုင် ပြေးလိုက်လျက်ရှိပါသည်။ ၎င်းက ရုတ်တရက်ဆိုသလို "ဝူး"ခနဲ ဟိန်းဟောက်လာခဲ့ရာ ဂျစ်ကား၏ရှေ့လေကာမှန်ပင် မရပ်မနားတုန်ခါလာတော့သည်။ ယွီဟောက်ကဆိုသည်။

"သေနတ်ကဘယ်လောက်ပစ်ပစ်မတိုးဘူးဟ!"

"မျက်လုံးကိုချိန်ပစ်လေ!"

ကျိုးရှန်းကအော်ပြောသည်။

"ဒါမှမဟုတ်နှာနုကို!"

"ငါမှမချိန်တတ်တာ!"

တိုင်ရာနိုဆောရက်စ်၏ဦးခေါင်းမှာ ဘယ်ယိမ်းလိုက်ညာယိမ်းလိုက် ယိမ်းခါလျက်ရှိပြီး အပင်ကြီးတစ်ပင်မှာ ၎င်းဝင်တိုက်တာခံလိုက်ရသဖြင့် ထပ်ပိုင်းကျိုးကြေမွသွားရှာ၏။ ယွီဟောက်ခမျာ ၎င်း၏အမြန်နှုန်းနှင့်ပြိုင်ကာ ဆက်တိုက်မရပ်မနားပစ်နေခဲ့ရှာပြီး ကျည်တစ်တောင့်မှထိမှန်သွားစဉ် တိုင်ရာနိုဆောရက်စ်ကြီးက ဒေါသတကြီးဖြင့် ဟိန်းဟောက်လို့လာလေသည်။ သည်တစ်ခါတော့ လုံးဝဒေါသထွက်သွားပြီပင်။ ခြေလှမ်းကျဲကြီးမှာ ပိုမိုမြန်ဆန်လာခဲ့ကာ ထိုစဉ်ရုတ်ချည်း ကမ္ဘာလောကကြီးတစ်ခုလုံး ပြင်းပြင်းထန်ထန်တုန်ခါလို့လာ၏!

တိုင်ရာနိုဆောရက်စ်နှင့် ဂျစ်ကားသာမက ပတ်ဝန်းကျင်ရှိ သစ်ပင်ပန်းမန်များနှင့် မြေဆီလွှာများပင် ဇကောထဲအလှိမ့်ခံနေရသလို ခါရမ်းလာတော့သည်။

ယွီဟောက်, "ငလျှင်လှုပ်တာလား?"

ရုတ်ချည်း အသိစိတ်ကမ္ဘာကြီးမှာ နောက်တကြိမ် တဖန်ပြန်ငြိမ်ကျသွားသည်။ ကျိုးရှန်းက တမုဟုတ်ချင်းတုံ့ပြန်လာခဲ့၏။

"သူလေယာဉ်ပေါ်မှာပဲ! လေထန်နေလို့များလား?"

"ဘာပြောတာလဲ?"

ယွီဟောက်ကမူ တစ်ခါမှလေယာဉ်မစီးဖူးပါချေ။

နောက်ထပ်အကြိမ်အချို့မျှ ပထဝီမြေကြီးက ထပ်ခါထပ်ခါတုန်ခါနေပေသည်။ ဒိုင်နိုဆောကြီးမှာလည်း ဒယိမ်းဒယိုင်ဖြင့် မနည်းခြေငြိမ်အောင်လုပ်လိုက်ရပြီး ကားနောက်ပြေးလိုက်လာပြန်၏။

Duo Meng《夺梦》// Seizing Dreams TranslationDär berättelser lever. Upptäck nu