Chapter 26

504 90 3
                                    

{Unicode}

[Vol-2: Chichén Itzá]
နှစ်ကုန်

" ခင်ဗျားဘာလုပ်တာလဲ? ! "

ရင်းနှီးကျွမ်း၀င်လှသော အသံတစ်သံ ထွက်ပေါ်လို့လာခဲ့၏။ ‌ကော်ဖီများသည်ကား ယွီဟောက်ဦးခေါင်းပေါ်တွင်ပါ ပွစိကျဲနေရာ သူ့ပုံစံလေးမှာ လုံးလုံးလျားလျားကို သနားချင့်ချိန်ဖွယ်ရာလေး ဖြစ်လို့နေပေသည်။ သူက ခေါင်းမော့ကြည့်လိုက်သောအခါ ထိုသူဟာ ချန်းယဲ့ခိုင်ဖြစ်ကြောင်း သိရှိလိုက်ရတော့၏။

ဘယ်အချိန်ကတည်းက ချန်းယဲ့ခိုင် ကဖေးဆိုင်ထဲ ရောက်နေခဲ့လဲသူမသိ။ ထိုသူက ရုတ်တရက် အော်ငေါက်လာခဲ့သည်။

" ခင်ဗျားကရန်ဖြစ်‌ချင်နေတာလား? !! "

ဤတစ်ချက်ဟိန်းဟောက်လိုက်‌ရုံလေးဖြင့် ထိုသက်လက်ပိုင်းပုဂ္ဂိုလ်မှာ တမဟုတ်ချင်းကို ကြောက်ဒူးတုန်သွားရတော့သည်။ မိမိ၏ဆရာဖြစ်သူ ချန်းယဲ့ခိုင်သည်ကား ခက်ထန်ကြမ်းတမ်းပြီဆိုလျှင် အလွန်အမင်းကို ဩဇာတိက္ကမကြီးမာလွန်းသူ တစ်ဦးဖြစ်သွားတတ်သည်ပင်။ အရင်တစ်‌ခေါက်က ယွီဟောက်ကိုလည်း အော်ငေါက်ခဲ့ဖူး‌ပေမယ်လို့ ဒီကနေ့မှာတော့ ပိုလို့တောင်ကြောက်စရာကောင်းနေပါသေးသည်။ ယွီဟောက်သည်ကား ကျိုးရှန်းကို ကြောက်ပါ၏။ သို့ပေသိ ချန်းယဲ့ခိုင်ကိုမူ ပိုလို့တောင် ကြောက်ပါသေးသည်။ ဘာ့ကြောင့်ဆို ကျိုးရှန်း ဒေါသထွက်ပြီဆိုလျှင် တုံ့ပြန်ဖို့တောင် အချိန်ရလိုက်မည်မဟုတ်၊ လက်သီးနှင့်မျက်နှာက အပ်ပြီးသားဖြစ်နေလိမ့်မည်ဖြစ်၏။ သို့ပေသိ ချန်းယဲ့ခိုင် ဒေါသထွက်ပြီဆိုလျှင်တော့ တစ်ဖက်လူ၏ စိတ်ပိုင်းဆိုင်ရာ ခုခံမှုခံစစ်ကိုပါ ချိုးဖောက်ဖျက်ဆီးပစ်ပေလိမ့်မည်။

" ငွေရှင်းစမ်း "

ချန်းယဲ့ခိုင်က ကော်ဖီဗရပွနှင့် ကြမ်းပြင်ကို လက်ညှိုးထိုးရင်း ဆိုလိုက်သည်။

" အမှိုက်လိုကောင် "

ထိုဧည့်သည်ခမျာ အသက်လုရှူနေရလျက် ချန်းယဲ့ခိုင်ကို ကြောက်ကြည့်‌,ကြည့်နေခဲ့ရှာ၏။ ချန်ယဲ့ခိုင်သည်ကား ထသွားထလာ suitဂျာကင်ကို ၀တ်ဆင်ထားခဲ့ကာ ကျိုးကြောင်းဆီလျော်မှုမရှိသော ဒုတိယမျိုးဆက်သူဌေးတစ်ယောက်အလား ဆင်တူလှပေသည်။ ထိုပုဂ္ဂိုလ်ခမျာ တမဟုတ်ချင်းကို ငပျော့လေးဖြစ်သွားရလျက် ချန်းယဲ့ခိုင်ကိုသာ ငေးငိုင်ကြည့်နေခဲ့ရှာတော့သည်။

Duo Meng《夺梦》// Seizing Dreams TranslationWhere stories live. Discover now