Chapter 12

502 79 2
                                    

{Unicode}

[Vol-1: The Great Wall]
ရှစ်နီ

ကျိုးရှန်းအ၀တ်များ အလုံးစုံခြောက်သွေ့ရန်မှာ သုံးရက်တိတိ အချိန်ယူလိုက်ရ၏။ ထိုရက်များအတွင်း အနှီလူက ယွီဟောက်၏ ကိုယ့်အမှားကိုယ် ပြန်လည်သုံးသပ်ရခြင်းအပေါ် မကျေမနပ်ခံစားရကြောင်း ထုတ်ဖော်ပြသ‌နေခဲ့သည်။

" ကိုယ့်ကိုယ်ကို ပြန်ပြီးဆင်ခြင်သုံးသပ်တယ်ဆိုတာ ဘာလဲဟ ? "

ကျိုးရှန်းက ဆိုသည်။

" မင်းက ဘယ်လိုလုပ်ပြီး ပြန်သုံးသပ်‌နေရမှာတုန်း? မင်းက ဘာများအမှားလုပ်ထားလို့လဲ? တစ်ယောက်ယောက်က အမှားဆင်ခြင်စာ ရေးရမယ်ဆိုရင်တောင် ငါပဲဖြစ်သင့်တယ် "

ယွီဟောက်ကတော့ ပြန်လည်ဆင်ခြင်သုံးသပ်လွှာကို လေးလေးနက်နက်ရေးပြီးကာမှ ချန်းယဲ့ခိုင်ဆီ ပို့လေသည်။ သူသည်ကား ကျိုးရှန်းပြစ်မှုများအားလုံးကိုပါ သူ့ကိုသူဆီသို့ ပုံချထားရာ သူ့ဘက်ကသာ အမှားဆင်ခြင်သုံးသပ်လွှာကို စိတ်ရင်းစိတ်မှန်ဖြင့် ရေး‌ပါက ဌာနမှူးမှ ကျိုးရှန်းအား ချမှတ်ထားသည့် ကျောင်း၌ထိန်းသိမ်းထားခြင်း အပြစ်ဒဏ်ကို ပြန်လည်ရုတ်သိမ်းကောင်း ရုတ်သိမ်းပေးလောက်မည်ပင်။

သို့သည့်တိုင် သူ့ဆန္ဒလေးမှာ မကြာခင်မှာပင် အစိတ်စိတ်အမွှာမွှာဖြစ်သွားရတော့သည်။ နှစ်သစ်ကူးပိတ်ရက်မတိုင်မှီ ဒီဇင်ဘာလ(၃၀)ရက်နေ့တွင် ကောလိပ်ဘက်မှ ကြေငြာစာထုတ်ပြန်တော့မည့်အကြောင်း ချန်းယဲ့ခိုင်က သူ့ထံအသိပေးလာခဲ့၏။

" အဲ့ရှစ်မျိုးရိုးလူက မီဒီယာဆီဆက်သွယ်ခဲ့တယ် "

ကျိုးရှန်းက ဖုန်းစခရင်ကိုပွတ်နေရင်း ဆိုလာသည်။ စခရင်ပေါ်တွင်ကား ယွီဟောက်မှ ကောက်ရသည့်ငွေသားများကို မနှိုက်ယူထားခဲ့ကြောင်း ဖြစ်စဉ်နှင့်ပတ်သတ်သည့် သတင်းခေါင်းစဉ်များအပြည့်။ ထို့နောက် သူက ဆက်ပြောလာခဲ့သည်။

" သူက ငါတို့ကို ခိုးမှုနဲ့ ရိုက်နှက်မှုအတွက် တိုင်‌ကြားမလို့ "

ယွီဟောက်က မေးသည်။

" ဘာဆက်ဖြစ်လာမှာလဲ? "

Duo Meng《夺梦》// Seizing Dreams TranslationOnde histórias criam vida. Descubra agora