Chapter 6

525 97 1
                                    

{Unicode}

[Vol-1: The Great Wall]
ဆင်နတ်ဘုရား

ထိုအခိုက်အတန့်ပြီးနောက်, မဟူရာနဂါးကြီးက ကျယ်ကျယ်လောင်လောင် ဟိန်းဟောက်အော်ဟစ်လိုက်ပြီး ကွေ့ကောက်လိမ်ဖယ်နေသော မြွေသတ္တဝါအလား အာကာယံထက်မှ အန္တရာယ်များလောက်သည့်အရှိန်အဟုန်ဖြင့် အောက်သို့ထိုးဆင်းလာခဲ့လေသည်။

" ငါတို့ကိုရှာတွေ့သွားပြီ! "

Generalက လျင်လျင်မြန်မြန်မတ်တပ်ရပ်လိုက်ပြီး အော်ဟစ်လေတော့သည်။

" ပြေး!! "

ယွီဟောက်ကမူ နန်းတော်ဆီသို့ ဝင်ပြေးချင်ပါသော်လည်း Generalက သူ့လက်ကို လှမ်းဆွဲလိုက်ပြီး -

" အလျင်စလိုမလုပ်စမ်းနဲ့! "

ယွီဟောက်ကပြန်ပြောလိုက်လေသည်။

" ဒါပေမယ့် ကျွန်တော်တို့နဲ့ အရမ်းနီးနေပြီကို! "

မိမိတို့၏ပန်းတိုင်က မျက်စိရှေ့လေးတင်ရောက်နေပြီဖြစ်သော်ငြား လက်လျှော့လိုက်ရတော့မည်တဲ့လား။ ယွီဟောက်ခမျာ စိတ်ဆိုးမာန်ဆိုးဖြင့် ပင့်သက်ရှိုက်လိုက်ပြီး‌နောက် Generalနှင့်အတူ ဈေးတန်းရှိရာထံသို့သာ ပြန်ပြေးကြလေသည်။ သို့သော်လည်း မျက်တောင်တစ်ခတ်အတွင်းမှာပင် ကောင်ကင်ဘုံနှင့် ကမ္ဘာမြေကြီးအကြား အရာအားလုံးပြောင်းလဲသွားလေသလား - တိမ်မည်းများက အာကာယံဝယ် တလိပ်လိပ်တက်လာလျက်၊ မိုးကြိုးမုန်တိုင်းများက တဂျိမ်းဂျိမ်းဖြင့် တစ်ခုပြီးတစ်ခုပစ်ခတ်ပေါက်ကွဲလျက်၊ လျှပ်စီးကြောင်းများဟာလည်း မဟူရာရောင်နဂါးကြီး ပတ်ပတ်လည် တဖျပ်ဖျပ်အသံမြည်ကာ လက်သွားလေ၏။ ထိုသတ္တဝါမှ ပါးစပ်ဟကာ ပြင်းပြင်းထန်ထန်ရေစီးသန်လှ‌သော မည်းမည်းနက်နက်ရေလှိုင်းလုံးများကို မှုတ်ထုတ်လိုက်ပြီး လမ်းမကြီးတစ်ခုလုံးကို ရေလွှမ်းသွားစေပါသည်။

လမ်းမဘေးရှိအိမ်‌ခြေများမှာ တစ်ခုပြီးတစ်ခု ရေလှိုင်းလုံးများအောက် ဝါးမျိုခြင်းခံလိုက်ရပြီး မြို့တစ်မြို့လုံးဟာလည်း ကျယ်ပြောလှသောရေပြင်ကြီးအဖြစ် ပြောင်းလဲသွားရလေသည်။ ကြီးမားလှသောမြို့ကြီးအတွင်း အိမ်ခြေများ၏ ခေါင်မိုးလေးများကိုသာ ရေမျက်နှာပြင်ထက်ဝယ် မြင်တွေ့ရလေတော့သည်။

Duo Meng《夺梦》// Seizing Dreams TranslationWhere stories live. Discover now