Chapter 34

347 77 2
                                    

{Unicode}

[Vol-2: Chichén Itzá]
နွေဦးလေ့လာရေးခရီး

ကျိုးရှန်းတစ်ယောက် ပြန်လည်ရောက်ရှိလာခဲ့ချိန် ခန္ဓာကိုယ်တစ်ခုလုံး လူသတ်ချင်နေသည့်အငွေ့အသက်များ လွှမ်းခြုံလို့နေ၏။ ဖုလိချွင်ကမေးသည်။

" နိုင်ခဲ့လား? "

" ရှုံးခဲ့တယ်! "

ကျိုးရှန်းက စိတ်မကြည်မသာဖြင့် ဖြေကြားလိုက်ပြီးသော် အတင်းကာရော ယွီဟောက်အပေါ် အပြစ်ပုံချကာ စတင်မဲတော့သည်။

" မင်းဘာလို့ငါပြိုင်တာလာမကြည့်တာလဲ? laoziရှုံးတာအဲ့ဒါကြောင့်ကွ! "

ယွီဟောက်ခမျာ တမဟုတ်ချင်းကို ရေခဲပုံးဖြင့်အပတ်ခံလိုက်ရပါသလို ခံစားလိုက်ရရှာသည်။

" ဆီမီးဖိုင်နယ်ရောဝင်ခဲ့လား? "

ဖုလိချွင်ကမေးသည်။

" ဝင်တယ် "

ကျိုးရှန်းက စိတ်မကြည်မသာဖြစ်နေဆဲ အခြေအနေဖြင့်ဖြေသည်။

ယွီဟောက် ကျိုးရှန်းအား ထရိုက်မိတော့လုနီးနီးပင်။

" မင်းအပိုတွေလုပ်နေတာတော်လိုက်လို့မရဘူးလား?!! မင်းဘဲငါ့ကို ဒီနေ့တော့ဘာပြဿနာမရှိပါဘူးဆိုပြီး မင်းကိုယ်စား စာလိုက်မှတ်ခိုင်းထားခဲ့တာလေ ! ငါတို့ကသေချာပေါက် ဖိုင်နယ်ပွဲစဉ်တော့လာကြည့်မှာပေါ့လို့ ! "

ကျိုးရှန်းကမူ ရယ်မောလာခဲ့ကာ လျင်မြန်သွက်လက်စွာပင် အားကစားစွတ်ကျယ်အင်္ကျီကို ချွတ်လိုက်ပြီး ယွီဟောက်ဆီပစ်ပေးလိုက်ပြီးသော် တဘက်တစ်ထည်ကောက်ယူကာ ရေချိုးခန်းအတွင်းသို့ ဝင်သွားလေသည်။ ယွီဟောက်က ကြမ်းပြင်ပေါ်ရှိ သူချွတ်သွားသောခြေအိတ်များကို လိုက်ကောက်ကာ အဝတ်အစားများကို ရေသွားစိမ်သည်။ ခေတ္တခဏမျှကြာပြီးသော် ကျိုးရှန်းက ရေချိုးခန်းထဲမှ ပြန်ထွက်လာခဲ့ပြီး ဘောင်းဘီနှင့် အတွင်းခံများကို ယွီဟောက်ဆီ လှမ်းပေးသည်။ သူတို့နှစ်ယောက်၏ လှုပ်ရှားမှုများကား မယုံကြည်နိုင်လောက်အောင်ကို သဘာဝကျလွန်းနေခဲ့ပြီး ပနံသင့်နေခဲ့၏။

Duo Meng《夺梦》// Seizing Dreams TranslationWhere stories live. Discover now