Part 11 (U+Z)

6.4K 492 41
                                    

#Unicode

ကျောင်းပြန်တက်ပြီး သိပ်မကြာခင်မှာဘဲ မိုးရာသီ ကျောင်းတွင်းဘောလုံးပွဲ စတင်ကျင်းပပါတော့သည်။ ဘောလုံးပွဲတွင် ပါဝင်မည့်သူများက Trade အလိုက် Trainee ဆင်းရပေသည်။ လင်းရာတို့ ခုနှစ်ယောက်တစ်ဖွဲ့လုံး ဘောလုံးပွဲတွင် ပါဝင်ကစားကြမည် ဖြစ်သည်။

Trade တစ်ခုစီကို အသင်းနှစ်သင်း ဖွဲ့စည်းပြီး ရှစ်သင်းပတ်လည် ကစားကြရပေမည်။ အသင်းကြီးနှင့် အသင်းလေးဟူ၍ခွဲထားပြီး လင်းရာတို့အဖွဲ့က အသင်းလေးတွင် ကစားကြရမည်။ အသင်းကြီးကို အတန်းကြီးကျောင်းသားများနှင့်ဖွဲ့စည်းပြီး အသင်းအငယ်ကို အတန်းငယ် ကျောင်းသားလေးများနှင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ယောင်္ကျားလေးအင်အားများသည့် MP နှင့် EP အတွက် ဘောလုံးကန်ကောင်းသည့်သူများကို ရွေးထုတ်ဖို့မခက်ခဲပေ။ မိန်းကလေးအင်အားများသည့် Civil နှင့် EC အတွက်တော့ ဘောလုံးကန်ကောင်းသည့်သူကို နှစ်သင်းပြည့်အောင် ရွေးထုတ်ဖို့ နည်းနည်းတော့ ခက်ပေသည်။

သို့ရာတွင် Civil အသင်းက EP နည်းတူ ဘောလုံးကန်ကောင်းကြပေသည်။ MP အသင်းလည်း အရင်က ကောင်းပေမယ့် ခုနောက်ပိုင်းတွင် EP ကိုမကျော်နိုင်ပေ။ ခုနောက်ပိုင်း အမြဲတမ်းလိုလို Civil နှင့် EP က‌ ဖလားလုကြရပေသည်။ EC ကတော့ နှစ်တိုင်းလိုလို ဗိုလ်လုပွဲသို့ မတက်ရောက်နိုင်ခဲ့ဘဲ အမြဲ နောက်ဆုံးပိတ် အိတ်နဲ့သာ လွယ်ခဲ့ရသည်။

အဘယ့်ကြောင့်ဆိုသော် EC အသင်းက ဘောလုံးကန်ကောင်းသည့်သူ လေးငါးယောက်လောက်ပင် ရှိသောကြောင့်ပင် ဖြစ်သည်။

ဘောလုံးပွဲသို့ရောက်သည့် အချိန်တိုင်း EP ကအများနှင့်တစ်ယောက် ဖြစ်သွားတတ်သည်။ EP အသင်းက တစ်ဖွဲ့လုံး ဘောလုံးကန် ကောင်းသလို ကစားရာတွင်လည်း ကြမ်းတမ်းသောကြောင့် တစ်ကျောင်းလုံးက အမြင်ကတ်ကြသည်။ EP ဆိုလျှင်ကြည့်မရကြ။ Civil ကလည်း နောက်ဆုံးဗိုလ်လုပွဲသို့ရောက်တိုင်း EPကို အမြဲရှုံးရသောကြောင့် မုန်းကြသည်။

ကျန်သည့်အချိန်များတွင် ကျောင်းသားကျောင်းသူများ စည်းလုံးကြသော်လည်း ဘောလုံးပွဲအချိန်သို့ ရောက်ပြီဆိုလျှင် ရန်ဖြစ်ကြတော့သည်။ ကျန်သည့် Tradeများ တည့်ကြသော်လည်း EP ကတော့ အားလုံးနှင့် တစ်ယောက်ဖြစ်နေတတ်ပြီး Tradeတကာနှင့် ရန်ဖြစ်ကြရပေသည်။

မြတ်နိုးစွာ နှောင်ဖွဲ့မိသောWhere stories live. Discover now