0.1

6.9K 196 4
                                    

Unicode
ချင်းယုဝမ် အနှီမိန်းကလေးဟာ ချစ်ရသူရဲ့သစ္စာဖောက်မူကြောင့် ဝိညာဥ်ပြိုကွဲကာ
မှတ်ညာဏ်ပျောက်ဆုံးခဲ့ရတယ်
အဲဒီ့မိန်းကလေးဟာ သူ့ကိုသူရော သူချစ်ရသူကိုရော ပြန်သတိရနိုင်ပါ့မလား

အဖြူရောင်ဟင်းလင်းပြင်ကြီးထဲမှာတော့ကျေပျက်တော့သယောင်ဖြစ်နေတဲ့
ဝိညာဥ်လေးဟာ လဲလျောင်းနေလေရဲ့
အဲ့ဒီ့ဝိညာဥ်လေးရဲ့ဘေးမှာတော့ အမဲရောင်အလုံးလေးဟာ သူ့ရဲ့သခင်ကိုစောင့်မျော်နေရှာတယ်

မျက်တောင်တစ်ခတ်မကြာခင်မှာပဲ
အနှီမိန်းကလေးဟာ သတိရလာပါတော့တယ်
သူမဟာပတ်ဝန်းကျင်ကိုစူးစမ်းရင်း
အမဲရောင်အလုံးလေးကို မြင်တွေ့သွားတော့တယ်

Hello host ကျတော်တို့ရဲ့ system spaceမှကြိုဆိုပါတယ်

မင်းကစကားပြောတယ်  မင်းကဘာလေးလဲ
သရဲလား

မဟုတ်ပါဘူး host ကျတော်က systemပါ

system အဲ့ဒါဘာကြီးလဲ

ကျတော်တို့ရဲ့ system မှာ အမျိုးအစားအများကြီးရှိပါတယ် host

အဲ့ဒီထဲကမှ ကျတော်တို့က villain system
လို့ခေါ်ပါတယ်

ကျတော်တို့က အကြောင်းအမျိုးမျိုးကြောင့်
သေဆုံးသွားရတဲ့သူတွေကို ကျတော်တို့system ရဲ့ ကမ္ဘာတွေမှာ တာဝန်ထမ်းဆောင်ခိုင်းပီးတော့ mission အောင်မြင်တာနဲ့ သူတို့ရဲ့မူလဘဝကိုပြန်ခွင့်ပေးတယ်
ဒါမှမဟုတ်သူတို့က နောက်ဘဝတစ်ခု
မှာဝင်စားချင်တယ်ဆိုရင် ဖြည့်ဆည်းပေးတယ်
mission အောင်မြင်ဖို့တော့ လိုတာပေါ့

ဒါဆိုငါကကော ငါကဘယ်သူလဲ ​သေ သွားပီလား

မဟုတ်ပါဘူး host ကမေ့မျောနေတာပါ
ကျတော်နဲ့အတူ ကမ္ဘာတစ်ခုချင်းစီမှာ
ဇာတ်ကောင်တေရဲ့ဆန္ဒတေကို ဖြည့်ဆည်းပေးပီးတော့ host ရဲ့ဝိညာဥ်အပိုင်းအစ
တေကိုစုဆောင်းရမှာပါ

ကျတော့်မှာရှိတဲ့ အချက်အလက်တွေအရ
hostနာမည်က ချင်းယုဝမ်ပါ

ကောင်းပီလေ ငါမင်းနဲ့အတူ တာဝန်ထမ်းဆောင်တာပေါ့
ငါမင်းကို ဘယ်လိုခေါ်ရမလဲ မင်းမှာနာမည်ရှိလား

ကျတော်တို့မှာ နာမည်မရှိပါဘူး host

ကောင်းပီ ငါမင်းကိုရှောင်းလို့ခေါ်မယ်

villain systemWhere stories live. Discover now