3.7

637 59 1
                                    

Unicode

David ရှာတွေ့တဲ့အရာကတော့   တရားခံ က
သေဆုံးသူကို အဓမ္မ ပြုကျင့်ရာမှာ အသုံးပြုခဲ့တဲ့ အကာကွယ်ပစ္စည်း ပင်ဖြစ်သည်
တရားခံ ကသူဆိုတာ သက်သေပြနိုင်တဲ့ အချက်ဆိုတာလုံးဝ မရှိစေအောင် လုပ်ခဲ့ပေမယ့် ဒီတစ်ခါတော့ သူ့ဘက်က လစ်လပ်သွားခဲ့သည်လေ
သူက သက်သေပစ္စည်း တွေအားလုံးကိုဖျက်စီးခဲ့ပေမယ့် အဲ့ဒီ့ဟာကိုတော့ လွယ်လွယ်
ပဲ မြက်ခင်း ပြင် ထဲကိုပစ်ခဲ့တာပင်
ဒါက သူ့ရဲ့ အကြီးမားဆုံးအမှားတစ်ခုဖြစ်သည်

David က သေသေချာချာပဲ သက်သေမပျက်စီးအောင် ကိုင်တွယ်ကာ အိတ် ထဲကိုထည့်လိုက်သည်

သူတို့တွေအားလုံး ရုံးကို တက်ကြွစွာနဲ့ပဲပြန်သွားကြသည်

ရုံးကိုရောက်တော့

Lina နဲ့ Liz တို့ကလည်း ကြားရတဲ့သတင်းကြောင့် အားရသွားတော့သည်
Lina လည်း David ယူလာတဲ့ သက်သေ ကို
စစ်ကြည့်ဖို့ ခွဲစိတ်ခန်းကို သွားလိုက်တော့သည်

Sele ကလည်း Van ပြောတဲ့အတိုင်း
CCTV ကနေ ရှာဖွှေခဲ့တာကြောင့်
သေဆုံးသူ ကို ဆွဲခေါ်သွားတဲ့မှတ်တမ်းကိုတွေ့ရှိခဲ့သည်

Linaရဲ့ စမ်းသပ်မူအပီးမှာ တရားခံ ကိုရှာတွေ့ခဲ့ပီး ဖမ်းဆီးဖို့လုပ်ခဲ့ပေမယ့်
အမူတစ်ခုတည်းအတွက် ပဲ သက်သေရှိနေခဲ့တဲ့အတွက် တရားခံကိုထောင်ချဖို့ အခက်အခဲရှိနေခဲ့သည်
သူမတို့တစ်ဖွဲ့လုံး အရင်အမူတွေကနေ သက်သေတွေကို ပြန်လည်စမ်းစစ်ဖို့ပဲတတ်နိုင်တော့သည်လေ

သူမတို့တွေနေ့မနားညမနား လုပ်ကိုင်ခဲ့ပေမယ့် သက်သေကိုရှာတွေ့ဖို့က အလှမ်းဝေးနေဆဲပင်
တရားခံရဲ့နောက်ကွယ်က အင်အားကလည်းရှိနေသေးသည် မို့ သူတို့အတွက်က မသက်သာပေ

Lina လည်း သူမရဲ့ရှောင်းလေးကိုသတိရသွားပီး

' ရှောင်း နင့်မှာ တစ်ခုခု ကွယ်ဝှက်ထားတာရှိလား'

ရှောင်းကလည်း lina စကားကြောင့် နစ်နာသူလေးလို အသွင်အပြင်နဲ့

'host ရယ် ကျတော်က host ကိုဘာကွယ်ဝှက်စရာရှိလဲ တချို့ကိစ္စတွေက ကူညီလို့မရတာတွေရှိတယ် host ရဲ့
ဒါပေမယ့် ကျတော်တစ်ခုတော့ သတိပေးမယ် တရားခံက ဓာတ်ပုံဆရာတစ်ယောက်ဖြစ်ပီးတော့ သူက ဓာတ်ပုံရိုက်ရတာကို သာမန်နဲ့မတူ ရူးသွပ်တယ်ဆိုတာပဲ
ပီးတော့ သူ့ရဲ့အိမ်မှာလည်း စတူဒီယို တစ်ခုရှိပီး အဲ့ဒီ့ထဲကိုဘယ်သူ့ကိုမှအဝင်မခံဘူးတဲ့လေ ကဲ ကျတော်သိတာတွေပြောပြပီးပီဆိုတော့သွားတော့မယ်'

villain systemWhere stories live. Discover now