3.2

714 78 8
                                    

Unicode

ဒီအပိုင်းကစပီး ယုဝမ်ကို linaလို့သုံးပါမယ်

"Sele သူမရှေ့က ထွက်သွားတဲ့လူနာတင်ကားကိုကြည့်ရင်းဒေါသထွက်လာရသည်
သူမ lina ကို အပြတ်ရှင်းဖို့နည်းနည်းပဲလိုတော့တာကို ဘယ်သူက လူနာတင်ကားကိုခေါ်လိုက်တာပါလိမ့် lina တော့မဖြစ်နိုင်
တိုက်အမြင့်ပေါ်က ပြုတ်ကျတာ
ဘယ်လိုလုပ်လှုပ်နိုင်မှာလဲ"

lina ကတော့ ရှောင်းနဲ့စကားတပြောပြောနဲ့
လူနာတင်ကားပေါ်မှာ လိုက်သွားလေရဲ့

' host ဘာဆက်လုပ်ဖို့စဥ်းစားထားလဲ'

'ဘာဆက်လုပ်ရမှာတုန်း မူခင်းဆရာဝန်လုပ်ပီး တရားခံကိုရှာရမှာပေါ့
ခဏ တရားခံဆိုမှ လူသတ်တာပေါ့ နော်
ငါပြောတဲ့စိတ္တဇလူသတ်သမားတော့မဟုတ်လောက်ပါဘူးနော် ရှောင်း'

'ဟုတ်ပါတယ် host host ထင်သလိုပါဘဲ'

'အိုး အဲ့လိုကိုး ရှောင်း ငါအဲ့ ဒီ့ဟာတွေကိုကြောက်တယ်လေ😩😩'

'မကြောက်ပါနဲ့ host ဘေးမှာ ကျတော်အမြဲရှိပေးမယ် ဟုတ်ပီလား'

Lina ဆေးရုံရောက်နေတယ်ဆိုတာကြားကြားချင်း ဇာတ်လိုက် van ဇာတ်လိုက်မ Sele တစ်ဖွဲ့သားလုံးရောက်လာကြသည်

မူလကိုယ်က အဖွဲ့သားတွေထဲမှာ အငယ်ဆုံးဖြစ်လို့ အားလုံးဝိုင်းချစ်ကြသည်
သူမက အေးတိအေးစက် နေပေမယ့်
အဖွဲ့သားတွေကတော့ချစ်နေဆဲပင်

Lina အခု ခံစားနေရတာက တကယ့်သေလောက်တဲ့ဒဏ်ရာမဟုတ်တော့ပေမယ့်
အားလုံးကတကယ်ကို စိတ်ပူပေးနေကြသည်
Lina တို့အဖွဲ့မှာက အဖွဲ့ဝင် ငါးယောက်ရှိပီး
Sele အပါအဝင်ဆိုတော့ခြောက်ယောက်ပေါ့
Van  lina Gary  liz  David
တို့ပေါ့
Van ကတော့ခေါင်းဆောင်ကောင်းပီသပီးတော့ တစ်ဖက်ကလဲ အကိုကောင်းတစ်ယောက်ဖြစ်သည် အဖွဲ့ထဲကလူတွေကငယ်ရွယ်ကြလို့ တခြားသူတွေက
အနိုင်ကျင့်ချင်ကြတဲ့အခါ van ကရှေ့ဆုံးက
ကာကွယ်ပေးတတ်သည် အဖွဲ့သားတွေကို တခြားသူထိတာမကြိုက် ဆူစရာရှိရင်လည်း
သူကပဲဆူသည်
Lina ကအငယ်ဆုံးဖြစ်လို့ တခြားသူတွေက အထင်သေးတဲ့အခါမှာလည်း van ကဦးစွာ
အားပေးခဲ့သူပင်
တခြားအဖွဲ့သားတွေက lina ကို အဖွဲ့ထဲခေါ်ဖို့ရာ တွန့်ဆုတ်ခဲ့ကြပေမယ့် Van ကတော့
သူမကိုမြင်ရုံနဲ့ အဖွဲ့ထဲကိုဖိတ်ခေါ်ခဲ့တာဖြစ်သည်
ဒါကြောင့် မူလ Lina ကလည်း Van ကိုသဘောကျမိခဲ့တာပင် ဟုတ်ပါသည်
Lina အပေါ် ညီမလေးတစ်ယောက်လို
သဘောထားပီး လုပ်ခဲ့ပေမယ့်
Linaကချစ်မိသွားခဲ့တယ်
Lina အနေနဲ့Van ကိုအပြစ်မတင်ပေမယ့်
သူတို့ဆက်ဆံရေးကအကောင်းတိုင်းကို
သူမသေဆုံးပီးနောက်ပိုင်းမှာ သူမရဲ့အကို
အတွက်ဘာလို့မစုံစမ်းပေးခဲ့ပါလိမ့်
စဥ်းစားစရာပဲ?



villain systemWhere stories live. Discover now