1.7

1.5K 120 2
                                    

ချန်းအန်းလု...ချန်းအန်းလု တကယ်သူပဲ
သူကဒီကိုဘယ်လိုရောက်လာတာလဲ

အခန်းထဲမှာရှိနေတဲ့သူအားလုံး
ချန်းအန်းလုရှိရာ သွားဖို့ပြင်တော့

ကျတော်အခုမေးခွန်းတွေဖြေဖို့ စိတ်မပါသေးဘူး

သူ့ရဲ့စကားသံအဆုံး တစ်ခန်းလုံး ဘာသံမှမကြားရတဲ့ထိတိတ်ဆိတ်သွားပီး
အခန်းရဲ့အပူချိန် က ဟိုးအောက်ထိထိုးဆင်းသွားခဲ့တယ်

ချန်းအန်းလု တစ်ခန်းလုံးကို အေးစက်တဲ့အကြည့်တွေနဲ့ ကြည့်ပီးနောက် သူ့ရဲ့အကြည့်တွေက
အခုချိန်ထိ ဖြစ်ပျက်သွားသမျှ သူမနဲ့မဆိုင်သလို ပျင်းရိစွာ ရပ်နေတဲ့ သူ့ရဲ့ပိုင်ယွဲ့ဆီမှာ
ကျောက်ချလိုက်တော့တယ်

ပိုင်ယွဲ့ဆက်ကစားချင်သေးပေမယ့်
အန်းလုရဲ့ လက်ချက်ကြောင့် သူမ
ဘေးကပဲပရိတ်သက်လုပ်ဖို့ ဆုံးဖြတ်လိုက်သည်လေ
အခန်းထဲကိုဝင်လာကတည်းသူမ
အန်းလုကိုကြည့်နေခဲ့ပေမယ့်
သူကိုယ်တိုင် သူမကိုပြန်ကြည့်လာတော့
မနေ့ကသူပြောတဲ့စကားတွေကိုပြန်ကြား
ရင်း မျက်နှာပူလာရသည်
အချိန်နည်းနည်းကြာတဲ့အထိ သူမကိုပဲ​ကြည့်နေတာမို့ အသံပေးလိုက်ရသည်
အဟမ်း.......အဟမ်း

အန်းလု ယွဲ့အာရဲ့ အပြုအမူကိုကြည့်ရင်း
သူမကိုသူဘယ်လောက်မြတ်နိုးနေမိလဲဆိုတာသိလာရသည်
သူ့ရဲ့မြတ်နိုးရာသူမကို လာထိပါးရဲတဲ့သူ
အကုန်လုံးကို နောက်တစ်ခါမထိပါးနိုင်အောင်
လုပ်ပေးရမှာပေါ့လေ

ကျတော်ချန်းအန်းလု ဒီကိစ္စမှာဘာလို့ဝင်ပါရတာလဲဆိုတာ အားလုံးသိချင်နေမှာပေါ့
ကျတော့်မိန်းကလေး သူမရဲ့ အသိုင်းအဝိုင်းကြားမှာ လူမဆန်စွာ အဆက်ဆံခံ
အပြောဆိုခံ နေရတာတွေကျတော် မကြည့်ရက်နိုင်တော့လို့ ဒီလိုမျိုး ဝင်ပါလိုက်ရတာပါ
ယွဲ့အာ ကိုယ်တောင်းပန်ပါတယ် ကိုယ်သာမင်းအနားမှာဒီထက်ပိုစောစောရှိနေခဲ့ပေးမယ်ဆိုရင်မင်းဒီလိုတွေကြုံရမှာမဟုတ်ဘူး

ကျန်းရိလုံ ယွဲ့အာ သူမကမင်းရဲ့လက်အောက်က အနုပညာရှင်တစ်ယောက်
မင်းကသူမရဲ့ အပြစ်ကင်းစင်မူကိုထည့်
မစဥ်းစားပဲ မင်းရဲ့ ချစ်သူ စူးရိဟွားသူမရဲ့
လုပ်ရပ်တွေကို သိသိရက်နဲ့ ယွဲ့အာအပေါ်မှာ
အပြစ်ပုံချခဲ့တယ်
အဲ့လောက်နဲ့မလုံလောက်လို့ ယွဲ့အာကို သူမကိုယ်စား ထောင်ချချင်တယ်ပေါ့
ငါချန်းအန်းလု မင်းတို့နှစ်ယောက်စလုံးကို
အပြစ်ခံယူစေမှာမို့ စောင့်ကြည့်နေလိုက်ပါ

villain systemWhere stories live. Discover now