2.2

1.1K 114 2
                                    

Unicode
side mission အောင်မြင်ပီဆိုတော့
pointဘယ်လောက်ရလဲ ရှောင်း

50 ပါ host

ဘာ....ငါဒီလောက် စဥ်းစားထားရတာကို
ဒီလောက်ပဲပေးတယ် ရှောင်းပြန်ပြင်

ဒါကအစထဲက သတ်မှတ်ထားပီးသားပါ
host

ဟမ့်ပြောလိုက်ရင်ဒီအတိုင်းပဲ

ယင်းလန် ရှောင်းနဲ့စကားပြောရင်း
မန်မန် ရောက်လာတာကြောင့်

မင်းသမီးလေး မကြာခင် ယွဲ့တိုင်းပြည်က
အိမ်ရှေ့စံလာမယ်လို့ကြားပါတယ်

ဟုတ်လား ကောင်းတာပေါ့
ဒီနန်းတော်ထဲကထွက်သွားရတော့မှာပေါ့

"မင်းသမီးရဲ့အမူအရာကဘာမှမထူးခြားသလိုပါလား အရင်တစ်ခေါက်က ကျတော့
အရမ်းပျော်ရွင်နေခဲ့တာကို"

မန်မန်ရဲ့ အတွေးတွေကိုကြားနေရတဲ့
ယင်းလန်ကတော့ နူတ်ခမ်းတစ်ဖက်တွန့်ရုံလေးပြုံးလိုက်မိတယ်

အဲ့ဒီအချိန် အခန်းထဲကိုနောက်ထပ်ဧည့်သည်တစ်ယောက်ရောက်လာခဲ့တယ်
သူမကတော့ ယင်းလန်ရဲ့ အဖေတူအမေကွဲ
အမတော်ပေါ့
သူမက ယင်းလန်ကိုအမြဲအနိုင်ကျင့်တတ်ပီးတော့
အခုလည်း ယင်းလန် နန်းတော်ကမကြာခင်ထွက်သွားရမှာကိုမကျေနပ်လို့လာခြင်း

ယင်းလန် နင်ဘယ်တုန်းကဒီအမလာတာကို
နှုတ်မဆက်တတ်တော့တာလဲ

ဟမ့်.....အမတော်ဟုတ်လား နင်ငါ့ကိုညီမတစ်ယောက်လို ဆက်ဆံဖူးလို့လား

နင်.....နင် တခြားတိုင်းပြည်ကမင်းသားနဲ့လက်ထပ်ရတော့မှာမလို့ လုပ်ရဲနေတာလား

ပြောရင်းဆိုရင်း ယင်းလန်ကိုပါးရိုက်ဖို့လုပ်တာမို့ ယင်းလန်သူမရဲ့လက်ကိုလိမ်ကာ
ဖမ်းချုပ်ရင်း

နင်နောက်တစ်ခါငါ့ကိုထိဖို့ကြိုးစားရင်
ငါ့အဆိုးမဆိုနဲ့ အခုချက်ချင်း ငါ့နန်းဆောင်ကထွက်သွား

ယင်းလန်လွတ်ပေးလိုက်တာနဲ့ သူမပြေးသွားတော့သည်

မင်းသမီး အဆင်ပြေရဲ့လား

အင်းငါအရင်က သူမကိုအမလို့သဘောထားလို့ငြိမ်နေခဲ့တာ အခုတော့လုံးဝပဲ

villain systemWhere stories live. Discover now