2.6

982 97 3
                                    


"ယင်းလန် သူမကို တစ်ယောက်ယောက်စိုက်ကြည့်နေတယ်လို့ခံစားရတာကြောင့်
ထကြည့်လိုက်တော့
ဘယ်သူမှရှိမနေပေ
သူမ မနေ့က ထန်ရန်နဲ့လိုက်သွားတာပါ
ဘယ်လိုလုပ် အဆောင်ကိုပြန်ရောက်လာတာပါလိမ့်
မန်မန်ကိုမေးကြည့်ရမယ်"

မန်မန် ........မန်မန် လာခဲ့ အုံး

မင်းသမီး မန်မန်လာပါပီ ဘာများခိုင်းမလို့ပါလဲ

မန်မန် ငါညကဘယ်လိုပြန်ရောက်လာတာလဲ

ဟို..ဟိုညက

ဘာလို့ထစ်အထစ်အဖြစ်နေရတာလဲ
ပြောပြပါဆို

ဟို......ညက မင်းသမီးကို ဝမ်ရယ် ခေါ်လာပေးတာပါ
မင်းသမီး မ​နေ့ကတစ်ယောက်ထဲထွက်သွားပီး ညအထိပြန်မလာလို့ စိတ်ပူနေတုန်း
ဝမ်ရယ်ရင်ခွင်ထဲမှာ မင်းသမီးက
မေ့လဲနေတာ
ပီးတော့ ဝမ်ရယ်က မင်းသမီးကိုအိပ်ရာပေါ်မှာ သေချာချပေးပီး မန်မန်ကိုလဲ မင်းသမီးကိုဂရုစိုက်ဖို့မှာသွားတယ်
မင်းသမီး ကအားနည်းလို့သတိလစ်သွားတာတဲ့

'အားရိုး.....hostလူကြီးကမိုက်တာ
hostအဆောင်ထဲထိတောင် ဝင်ပို့သွားတာ
ဇာတ်လိုက်ကိုမကြောက်မရွံ့'

'ရှောင်းနင်ပေါ်လာသေးတယ်နော်
နေပါအုံး သူကဒီလောက်ကြီးမြတ်တဲ့စွမ်းအားရှိနေတာကိုကြောက်စရာလား
ပီးတော့ သူကငါ့လူမဟုတ်ပါဘူးနော်'

မင်းသမီး ပီးတော့လေ ညက ကိစ္စ
အိမ်ရှေ့စံ သိသွားတယ် အခု
မင်းသမီးကို.......

မန်မန် စိတ်မပူပါနဲ့ သူငါ့ကိုဘာမှလုပ်လို့မရဘူး ပီးတော့ ငါကသတိမေ့နေလို့ ဘာဖြစ်ခဲ့မှန်းသတိမှမရတာ

"ဟေ့....ခဏ ညကငါဘယ်လိုလုပ်သတိလစ်
သွားတာတုန်း ထန်ရန်နဲ့ငါစကားပြောနေတယ်
အင်း...ငါကသူ့ကိုမေးခွန်းမေးလိုက်တယ်
ပီးတော့ ငါမေ့သွားတယ်"

'အင်းဟုတ်တယ်host ပီးတော့ hostဝမ်ရယ်ရဲ့ရင်ခွင်ထဲမှာနှစ်နှစ်ခြိုက်အိပ်ပျော်နေတာလေ
ပီးတော့ ဝမ်ရယ်ရဲ့ခါးကိုလည်း ဖက်ထားသေး
ဘာတဲ့ပြောသေးတယ်
မသွားပါနဲ့.....မသွားပါနဲ့ဆိုပီးတော့'

' ရှောင်း
ရဲ့စကားကြောင့် ယင်းလန်မျက်နှာက
ခရမ်းချဥ်သီးအမေခေါ်ရလောက်အောင်
နီနေပီဖြစ်သည်'

villain systemWhere stories live. Discover now