4.3

441 47 4
                                    

Unicode

နည်းပြရဲ့ စကားဆုံးတာနဲ့ လူအားလုံးဟာ
မြင်သာတဲ့နေရာမှာ တန်းစီလိုက်ကြတယ်
အားလုံးဟာ အရွေးခံရမှာကြောက်နေတဲ့အတွက် တုန်လှုပ်နေကြတယ်

သူတို့က တစ်ယောက်ချင်းစီ သေချာ ကြည့်နေရင်း သူမ ရပ်နေတဲ့နေရာရောက်တဲ့ အခါမှာတော့
သူမရဲ့ မျက်နှာတစ်ခုလုံးကို သေချာကြည့်ဖို့ရာ သူမရဲ့မေးစေ့ကို့ပင့်လိုက်တယ်
သူ့ရဲ့ အတင်းအကျပ်ပြုလုပ်မှုကြောင့်
ဂျီအန်း တိုက်ခိုက်ချင်စိတ်ပြင်းထန်လာရတယ်

ဂျီအန်းရဲ့ပြင်းပြင်းထန်ထန်တုန့်ပြန်လိုက်မှုက
တစ်ဖက်လူကို စိတ်ဝင်စားသွားစေခဲ့တယ်
သူ့ရဲ့ လက်ကိုမဖယ်ရှားသေးဘဲ သူမရဲ့ ရန်လိုနေတဲ့မျက်လုံးတွေထဲကိုစိုက်ကြည့်ရင်း

.......... မင်းက ဘယ်လိုကလေးမလဲ ကျားတွေကြားထဲမှာ တကယ်ကို အကြောက်အလန့်မရှိတာလား မိုက်ရှူးရဲဆန်တာလား ........

ဂျီအန်း.......... မိန်းကလေးတစ်ယောက်က အတိုက်အခိုက်မသင်ယူရဘူးလို့ ဘယ်ဥပဒေကမှ မထုတ်ပြန်ထားဘူးထင်တာပဲ ဟုတ်တယ်မလား ခေါင်းဆောင်........

သူမရဲ့ ရဲတင်းမှုကြောင့် သူမရှေ့ကလူရဲ့ မျက်ခုံးတို့မြှင့်တက်သွားပြန်တယ်

ဂျီအန်း ရဲ့အဖေ ကုမ္ပဏီ မှာအလုပ်လုပ်တုန်းက အဲ့ဒီလူက ခေါင်းဆောင်ဖြစ်ခဲ့တယ်
သူ့အဖေ အလုပ်က ထွက်ချိန် ဖမ်းခေါ်သွားခဲ့တာကလည်း သူပဲ
မူလဂျီအန်း ဒီအကြောင်းတွေသိနေခြင်းက
အားသာချက်ဖြစ်သွားခဲ့တာပဲ
သူမအဖေ အသက်ရှင်သေးလား ရှင်သေးရင်လည်း ဘယ်မှာရှိနေမလဲ သိရဖို့က

ဂျီအန်း.......... ခေါင်းဆောင်ရဲ့အကြောင်းတွေ တော်တော်များများကြားဖူးနေခဲ့တာ အခု အပြင်မှာတကယ်တွေ့နေရပီပဲ........

.......... ဘယ်မှာကြားဖူးတာပါလိမ့် မင်းလို မိန်းကလေးငယ်လေးဆီက ကောင်းသတင်းကြားရတာ ထူးဆန်းနေတယ်........

ဂျီအန်း...... ကျမရဲ့အဖေ ဆီက ပါ ကျမအဖေက ဟုန်းမြောင်ဂျွန်း............

သူမ ရဲ့စကားကိုကြားချိန် သူ့ရဲ့အမှုအရာ က အေးခဲသွားပေမယ့် ဟန်မပျက် ပါဘဲ
ရယ်မောလိုက်ရင်း

villain systemWhere stories live. Discover now