2.11

868 84 4
                                    

Unicode

ယင်းလန် ဝမ်ရယ့်စကားကိုနားထောင်းပီး
ပြန်ဖို့ဆုံးဖြတ်လိုက်တယ်

ပီးတော့ သူမတို့မြင်းစီးပီးပြန်မယ်လုပ်တော့
ထန်ရန်က မြင်းမပါဘူးတဲ့လေ
အရင်တစ်ခေါကကလိုဘဲ မြင်းတစ်စီးကို နှစ်ယောက်စီးရတော့တယ်
ဒါပေမယ့် ထူးဆန်းတာ က သူ့ကိုယ်ရံတော်မပါဘူးကော

"ထန်ရန် သူ့ရင်ခွင်ထဲမှာ ငြိမ်ငြိမ်သက်သက်
လိုက်လာတဲ့ အနမ်းသူခိုးမလေးကိုမြတ်နိုးစွာ ကြည့်နေမိသည်
သူမလေးခေါင်းထဲမှာ ဘာတွေကြံစည်နေမှန်း
လွယ်လွယ်သိနိုင်နေပေမယ့် ဝင်မပါခဲ့
သူမလေးအန္တရယ်မဖြစ်သရွေ့တော့
သူမသိချင်ယောင်ဆောင်နေလိုက်မည်
သူမလေးကိုထိလာသူကိုတော့ နောက်ထပ်မထိပါးရဲအောင်ဆုံးမပေးလိုက်မည်......

ယင်းလန်နန်းတော်ထဲက မနည်းထွက်ခဲ့ရပေမယ့် ဝမ်ရယ်ကတော့ ကိုယ်ဖော့ပီး
နံရံကိုကျော်လိုက်ရုံနဲ့ရောက်သွားတယ်တဲ့လား မတရားလိုက်တာ

ယင်းလန်အဆောင်ထဲဝင်ဝင်ချင်း
မန်မန်က

.......မင်းသမီးလေး ပြန်ရောက်လာပီလား ဘာဖြစ်သွားသေးလဲဟင် ......

........ဘာမှမဖြစ်ပါဘူး မန်မန်ရယ် မင်းရဲ့ မင်းသမီးက ကိုယ့်ကိုကိုယ်ကာကွယ်နိုင်ပါတယ် ဒါပေမယ့်မင်းပုံစံက ဘာလို့ဒီလိုတွေဖြစ်နေတာလဲ......

.........မင်းသမီး ဘာမှမဖြစ်လို့တော်ပါသေးတယ် မန်မန်အရမ်းစိတ်ပူနေတာ
မနေ့ညက နန်းတွင်းမှာ စားသောက်ပွဲကျင်းပတယ် အဲ့တာ မင်းသမီးကိုလည်းလာဖိတ်ပေမယ့် မင်းသမီးမှာခဲ့တဲ့အတိုင်း
ပြောပြလိုက်တာမို့ အစားအသောက်တွေလာပို့ပီးထွက်သွားကြတယ်
နောက်ခဏကြာတော့  အဆောင်ထဲကို
ဝင်လာတဲ့ ခြေသံကြားလို့  ခုခံဖို့ပြင်နေတုန်း
ဝမ်ရယ်ရဲ့ သက်တော်စောင့် လာကာကွယ်ပေးလိုက်တာမို့ မန်မန်အသက်ရှင်ပီလို့ပျော်ရုံရှိသေး မနက်ကျတော့ ကြားရတဲ့သတင်းကြောင့် မန်မန်လူတစ်ယောက်ကိုတော်တော်ရွံ့မုန်းမိတယ်
အဲ့ဒါက ကြင်ယာတော် လျန်းချီ နဲ့စစ်သူကြီးတို့နှစ်ယောက်ကိုအိပ်ရာပေါ်မှာအတူရှိလျက်နဲ့ အိမ်ရှေ့စံက တွေ့တယ်တဲ့လေ
အိမ်ရှေ့စံတစ်ယောက်တည်းမဟုတ်ဘဲ
မင်းကြီးနဲ့မိဖုရားခေါင်ပါ ပါတာမို့ ကိစ္စက တော်တော်ကြီး ကိုကြီးသွားတယ်
ဒါပေမယ့် စဥ်စားကြည့်ရင် မမလေးကိုလာ
ပေးတဲ့အစားအသောက်
အဲ့ဒါလာပို့ပီးပီးချင်း အဆောင်ထဲကို လူတွေဝင်လာတာလေ ဒါက ကြင်ယာတော်လျန်းချီလက်ချက်မဖြစ်နိုင်ဘူးလား
မင်းသမီးအပေါ်မှာ ကောက်ကျစ်တဲ့အကြံသုံးလို့ သူမ အခုလိုဖြစ်ရတယ်လို့မန်မန်တော့ထင်တယ်
သူမကိုရော စစ်သူကြီးကိုပါ ဆေးခတ်ပေးတဲ့သူကိုတော့ ကျေးဇူးတွေတင်တယ်......

villain systemWhere stories live. Discover now