1.5(zawgyi)

1.4K 115 2
                                    

ပိုင်ယွဲ့သူမချက်ထားတဲ့အစားစာတေကိုစားရင်း ပျော်ရွင်သွားရသည်
သူမစားခဲ့ဖူးသမျှထဲ စားလို့အကောင်းဆုံးထမင်းတစ်နပ်ပဲ(ကိုယ့်ကိုကိုယ်ချီးမွမ်းခန်းဖွင့်နေသောပိုင်ယွဲ့လေးပါရှန်)
သူမစဉ်းစားနေတုန်းမှာပဲ
စကားသံထွက်ပေါ်လာတယ်
ဒီနေ့ရဲ့ဟင်းတွေကတကယ်ကိုအရသာကောင်းတာပဲအမေ အမေချက်တာလား

အန်းလုပိုင်ယွဲ့စိတ်ဆိုးတော့မှာပဲ ဒါပိုင်ယွဲ့ချက်တာလေ သဘောကျတဲ့မိန်းကလေးရဲ့လက်ရာကို တစ်ခါမှမစားဖူးဘူးမပြောနဲ့နော်

အိုး.......ဒါယွဲ့အာလက်ရာလား
အမေတို့ကိုမနာလိုလိုက်တာ
ယွဲ့အာဟင်းချက်နေတဲ့ပုံကိုမြင်လိုက်ရလို့လေ

အဟွတ်....အဟွတ်

ဟုတ်ပါတယ်ချောင်းဆိုးသံကတော့ပိုင်ယွဲ့ပါ

ယွဲ့အာ ဖြေးဖြေးစားလေ ကိုယ်လုမစားပါဘူး
နောက်ဆိုလည်း ဒီလိုအရသာရှိတဲ့ ဟင်းတွေချက်ကျွေးပါအုံး

အင်းပါလုပ်ပေးရမှာပေါ့

ရှောင်း​​တစ်ယောက် သူ့hostကိုကြည့်ရင်းခေါင်းရမ်းမိသည် ဟိုကဘာအဓိပ်ပါယျနဲ့ပြောမှန်းကောသိရဲ့လားပဲ

ပိုင်ယွဲ့စားသောက်ပီးတော့ သူမအခန်းကိုပြန်လာခဲ့သည်

သူမရဲ့ဆိုရှယ်မီဒီယာအကောင့်ကိုဖွင့်ကြည့်လိုက်တော့တော်တော်များများကသူမကိုဆဲဆိုထားတဲ့စာတွေဖြစ်နေသည်
တစ်ခုကဆို

ပိုင်ယွဲ့သူမက စူးရိဟွားအပေါ်လုပ်ရပ်တွေကြောင့်​သေ သင့်တာ
အခုတော့ သူမကမသေတဲ့အပြင် ပုန်းတောင်ပုန်းနေနိုင်သေးတယ်
ပိုင်ယွဲ့ သူမအကောင့်ထဲကမှတ်ချက်တွေဖတ်နေတုန်း ပို့စ်တစ်ခုတက်လာတာကြောင့်ကြည့်လိုက်တော့

အမည်မဖော်ပြထားတဲ့အကောင့်ကနေ

ဆိုရှယ်မီဒီယာပေါ်မှာအခုတလော trendဖြစ်နေတဲ့
စူးရိဟွား ပြန်ပေးစွဲခံရပီး ဒဏ်ရာ
အပြင်းအထန်နဲ့ဆေးရုံမှာကုသနေတဲ့သတင်း
ကိုနည်းနည်းလောက် ရှင်းလင်းချင်ပါတယ်
အဲ့ဒီကိစ္စရဲ့နောက်ကွယ်မှာပိုင်ယွဲ့
ရှိနေတယ်ဆိုတဲ့သတင်းကိုရောပေါ့
ပထမ စူးရိဟွားဒဏ်ရာအပြင်းအထန်ရသွားတယ်ဆိုတဲ့သတင်း
ကြားခဲ့ရတယ်ဆိုတဲ့သူတွေကိုမေးချင်ပါတယ်
ကိုယ်တိုင်သူမသွေးတွေနဲ့မေ့လဲနေတာကိုတွေ့ခဲ့ရသလား
မီဒီယာတွေကကောဖော်ပြပါသလား
No ဒါဆိုဒီသတင်းကမှားနေရင်ကော
ဆရာဝန်တွေကတော့ မြင်မှာပေါ့လို့မေးစရာရှိတယ်
ကိုယ်ကအဲ့ဒီ့ကဝန်ထမ်းပါ သူမဆေးရုံရောက်
လာတယ်လို့ကြားရတဲ့အတွက်
သွားတွေ့တော့
သူမကအကောင်းတိုင်းပါ
ဘာအပွန်းအပဲ့မှမရှိပါဘူး
ဆေးရုံအုပ်ကြီးက ဆေးရုံတစ်ခုလုံးအဲ့ဒီ့ဟာကို မသိချင်ဆောင်ဖို့ပြောခဲ့ပေမယ့်
မဆိုင်တဲ့သူတစ်ယောက်ကို ဒီလိုဝိုင်းပြောဆိုနေတာကိုမကြည့်နိုင်တော့လို့ပါ
သူမကအဲ့လိုအများရဲ့သနားမူကိုခံနေရချိန်မှာ
ပိုင်ယွဲ့ကတော့ သူမမလုပ်တဲ့ကိစ္စတစ်ခုအတွက်အများရဲ့ပြောဆိုမူကိုခံနေရတာပါ
စူးရိဟွားဆေးရုံရောက်တော့ သူမဘေးမှာ
ဆရာဝန်တွေဝိုင်းနေပေမယ့်
ပိုင်ယွဲ့ အားနည်းပီးသတိမေ့လို့ ဆေးရုံရောက်တော့ သူမနားမှာ သူနာပြုမလေးတစ်ယောက်ပဲရှိနေခဲ့တာပါ
အဲ့ဒီ့တော့ ကိုယ်ပြောချင်တာက ကိုယ်ကဘယ်သူ့fanမို့ဝင်ပြောတာမဟုတ်ပါဘူး
အမှန်တရားလေးကိုမြင်တတ်ဖို့ပြောပြတာပါ
ဟုတ်ကဲ့ ဖတ်ပေးတဲ့သူတွေအားလုံးကျေးဇူးပါ

villain systemWhere stories live. Discover now