1.6

1.5K 124 0
                                    

ရှင်တစ်ယောက်တည်း ပဲရှိတာ

အန်းလုပခုံးကစိုစွတ်တဲ့အသိကြောင့်သူမငိုနေပီဆိုတာသိလိုက်တယ်
ပီးတော့သူမရဲ့​နှုတ်ကနေ စကားလုံး
အချို့ရေရွတ်သံကြားလိုက်ရတယ်
တခဏအတွင်းသူမ ထံမှ
စကားသံထပ်ထွက်လာပြန်တယ်

ချန်းအန်းလု ကျမအပေါ်စိုးရိမ်ပေးတာရှင်တစ်ယောက်တည်းရှိတာလို့
ဘာလို့လဲ ဘာလို့ကျမကိုဒီလိုမျိုးဆက်ဆံပေးတာလဲ

သူမရဲ့အမေးကြောင့်အန်းလုခဏတော့
ကြောင်သွားပေမယ့်

ကိုယ်မင်းအပေါ်ဂရုစိုက်တယ်ဆိုတာ
မင်းဖြစ်နေလို့ မင်းမို့လို့ ဘာအကြောင်းအရင်းမှမရှိပါဘူး
ဟုတ်ပီလား အဲ့ဒါကြောင့်မငိုနဲ့တော့
မနက်ဖြန် အပြင်ကိုကိုယ်လိုက်ပို့ပေးရင်
မျက်လုံးတွေဖောင်းနေလိမ့်မယ်

အန်းလုစကားပြောနေတဲ့တစ်လျောက်လုံး
ပိုင်ယွဲ့ရဲ့မျက်လုံးတွေက အန်းလုရဲ့နူတ်ခမ်း၊
ပီးတော့ မျက်လုံးမှာပဲကျောက်ချနေလေရဲ့

အချိန်အတော်ကြာပီးနောက်မှာသူမအကြည့်လွဲပီး အန်းလုကိုသူမနားချင်ကြောင်းပြောခဲ့တယ်
အန်းလုကလည်းသူမကိုနားဖို့ပြောရင်း
သူ့ရဲ့အခန်းထဲပန်ပီးအိပ်စက်တော့တယ်

ဆိုရှယ်မီဒီယာပေါ်မှာတော့အမည်မသိအကောင့်တစ်ခုကြောင့်ပွက်လောရိုက်ကုန်တယ်
ဒါတင်မကဘဲ ပိုင်ယွဲ့ဘက်ကလူတွေက
သူတို့တတ်နိုင်သမျှ စုံစမ်းပီး ဖော်ထုတ်နေတာကြောင့်ဇာတ်လိုက်မခမျာ ခေါင်းခြောက်နေရတယ် ပေါ်သွားရင်သူမအခြေအနေမကောင်းနိုင်ဘူးလေ
တစ်နည်းပဲရှိတော့တယ် သူမ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ပဲ
ရိလုံ ပြောခဲ့တုန်းကမလိုအပ်ဘူးလို့ထင်တာကြောင့် မလုပ်ခဲ့တာ အခုတော့ ပိုင်ယွဲ့ကို အပြတ်ရှင်းဖို့ဆို လုပ်ရတော့မှာပေါ့လေ

တစ်ဖက်ကပိုင်ယွဲ့ဟာလည်း ရှောင်းရဲ့ပြောကြားချက်အရ ဇာတ်လိုက်မကသူမရဲ့အကွက်ထဲဝင်လာတာကြောင့်
ပြုံးလိုက်မိတယ်
မနက်ဖြန်တော့ ငါ့ရဲ့သရုပ်ဆောင်စွမ်းရည်ကိုထုတ်ပြရအုန်းမှာပေါ့လေ

မနက်ရောက်တော့အန်းလု အစောကြီးထကာ
ပိုင်ယွဲ့နဲ့အပြင်ကိုသွားဖို့ပြင်ဆင်နေမိသည်
သူမနဲ့သွားရမှာမို့စိတ်လှုပ်ရှားကာအိပ်မပျော်
တာလည်းပါတာပေါ့

villain systemWhere stories live. Discover now