4.7

385 45 6
                                    

Unicode

ဂျီအန်း အိမ်ပြန်ရောက်တော့ ဦးလေးကြီး ထယ်ဆွန်းစီစဥ်ပေးတဲ့ကိစ္စတစ်ခု ကိုသိလိုက်ရသည်
ဦးလေးကြီး ထယ်ဆွန်းက သူမရဲ့အထက်တန်းကျောင်းပီးဖို့ရာ အိမ်တိုင်ရာရောက်သင်ယူဖို့ ဆရာ တွေကိုအလှည့်ကျသင်ကြားဖို့ ခေါ်ယူပေးထားခြင်းပင်

ဒီနေ့ တန်းသင်ဖို့ရာကတော့သူမရဲ့ဒဏ်ရာအခြေအနေကြောင့် မဖြစ်​သေး
ဒါပေမယ့် နောက်ပိုင်းမှာတော့ သူမအတွက်
အချိန်မှန်သင်ကြားဖို့လိုကြောင်းဦးလေးကြီး ထယ်ဆွန်းကတော့ ပြောရှာသည်

ဂျီနာ ကတော့ သူမ အမနဲ့ ကျောင်းအတူ မသွားရတော့တာကြောင့် စိတ်မကောင်း
ဂျီအန်း မနည်းချော့လိုက်ရသည်
အတူတော့မသွားပေမယ့် ကျောင်းကို လိုက်လည်းပို့ မယ် လာလည်း ကြိုမယ်ဆိုတာကိုပြောရင်းပေါ့

သူမ အခန်းထဲ ရောက်တာနဲ့ ဖုန်းကမြည်လာတော့တယ်

ဂျီအန်း........ ဟယ်လို ခေါင်းဆောင်.......

ခေါင်းဆောင်........ဂျီအန်း ပထမ mission ပီး လို့ မင်းအနားယူချင်မယ်ဆိုတာသိပါတယ်
ဒါပေမယ့် အခုနောက် mission တစ်ခု ပေါ်လာပီ မနက်ဖြန် ကုမ္ပဏီ ကိုလာခဲ့ မင်းရောက်လာမှ ကိစ္စကိုဆက်ပြောကြမယ်........

ဂျီအန်း.......... ဟုတ်ကဲ့ပါ ခေါင်းဆောင်.........

မနက်ရောက်တာနဲ့ ဂျီအန်း ရဲ့ဦးတည်ရာက
ကုမ္ပဏီ သို့

သူမ အဖေ ရှိတဲ့နေရာကိုသိဖို့ ကုမ္ပဏီ ရဲ့
လျို့ဝှက် အခန်းတစ်ခုကို ရှာဖို့လိုသည်လေ
အရင်ဆုံး ကုမ္ပဏီ ရဲ့ CCTV ကင်မရာတွေကို ရပ်တန့်သွားအောင်လုပ်ရအုံးမည်လေ
သူမ လျို့ဝှက် ပီးယူလာတဲ့ သံလိုက်ဗုံး ကို မမြင်ကွယ်ရာနေရာတစ်ခုမှာတပ်ဆင်လိုက်ပီး
ကုမ္ပဏီ ထဲကို ဟန်မပျက် ဝင်သွားလိုက်သည်

သူမ မှတ်တမ်းထဲ မှာမြင်ခဲ့တဲ့တိုင်း ခေါင်းဆောင်နဲ့ CEO ဝင်သွားခဲ့တဲ့ အခန်း ဟုထင်ရတဲ့ နေရာရောက်မှ ဗုံးကို ဖောက်လိုက်တော့တယ်
ကုမ္ပဏီ ရဲ့ လျှပ်စစ် လှိုင်း တွေအကုန်
ပြတ်တောက်သွားတဲ့အချိန်မှ နံရံ ထက်က
ဟိုနေရာဒီနေရာကို လိုက်တို့ထိ ရင်း အခန်း
ပွင့် အောင်ကြိုးစားနေလိုက်တယ်

villain systemWhere stories live. Discover now