2.12

994 99 2
                                    

Unicode

......ဒါပေမယ့် ဘယ်သူကမှ ဒီကိစ္စကိုမသိလိုက်ကြဘူးလား သူမကလည်း သားတော်အိမ်ရှေ့စံရဲ့ကြင်ယာတော် ငါ့ရဲ့ချွေးမတော်ပဲလေ ထန်ရန် မင်းပြော ငါဒီကိစ္စကိုဘယ်လိုဖြေရှင်းရင် တရားနည်းကျမလဲ........

..........အကိုတော့်ကို ကျတော်လျှောက်တင်ပါတယ် ဒီကိစ္စနောက်ကွယ်ကလူကိုသိရဖို့
သေသေချာချာလုပ်ဆောင်သင့်ပါတယ်
သူတို့ရဲ့ရည်ရွယ်ချက်က တော်ဝင်မိသားစုတွင်းပဋိပက္ခဖြစ်ပွားဖို့ရည်ရွယ်တယ်လို့ထင်မြင်မိပါတယ်.........

.........ကောင်းပီ ထန်ရန် မင်းလက်ထဲကိုဒီကိစ္စ
အပ်လိုက်မယ်...........

...........ဟုတ်ကဲ့.......

'host မကောင်းတော့ဘူး မကောင်းတော့ဘူး
'

'ဟမ်ဘာဖြစ်လို့လဲ ရှောင်း မြန်မြန်ပြော'

'host ယွဲ့ရဲ့ရန်သူတွေက အခု host တို့
မျိုးနွယ်စု ကအမျိုးသမီးနဲ့ကလေးတွေကိုဓားစာခံလုပ်ပီး ယွဲ့ကို တိုက်ခိုက်ခိုင်းနေတယ်
hostရဲ့အကိုနဲ့ တခြားတိုက်ခိုက်တတ်တဲ့သူတွေကလည်း သူတို့ပြောတဲ့အတိုင်း
လုပ်မှရတော့မယ် ကျတော်တို့ဘာလုပ်ကြမလဲ'

'ဟမ့် နောက်ဆုံးတော့ ရုပ်လုံးပေါ်လာပီပဲ
ရှောင်း နင်စဥ်းစားကြည့် မနေ့ကထိ ငြိမ်သက်နေပေမယ့် အခုချက်ချင်းဒီလိုတွေဖြစ်ကုန်တာ ဘာကြောင့်လို့ထင်လဲ'

'host ဘာကိုဆိုလိုချင်တာလဲ ကျတော်နားမလည်တော့ဘူး'

'အင်း ဒီလိုကွာ မူလဇာတ်ကြောင်းမှာကတည်းက ဇာတ်လိုက်တို့ ယွဲ့ကအနိုင်ရပီး
ကျန်တဲ့သူတွေရှုံးခဲ့တယ်နော် အင်း
အဲ့ဒါက ဇာတ်လိုက်အရှိန်အဝါကြောင့်ပဲ
အဲ့ဒီ့တုန်းကလည်း ရန်သူတွေက ငါတို့
မျိုးနွယ်စုကို ခုတုံးလုပ်ခဲ့လိမ့်မယ်
နောက်ဆုံးသေဆုံးခဲ့ရတာက ငါတို့လူတွေပဲ
ရန်သူတွေကလဲ အနည်းအကျဥ်းပဲဒဏ်ရာရခဲ့လိမ့်မယ် တကယ်တော့ ဒါတွေက ဇာတ်လိုက်တွေရဲ့အရှိန်အဝါတွေကြောင့်ပေါ့
အခုကလည်း နည်းတူပဲ ဒါပေမယ့် စောနေတယ် အချိန်ကိုက်နေတယ်ကွာ ဘာကြောင့်လဲဆိုတော့ ဇာတ်လိုက်မ သူမအခုကြုံနေတဲ့ကိစ္စကလွတ်မြောက်ဖို့ အပေးအယူတစ်ခုခုလုပ်ခဲ့လိမ့်မယ် သူမရဲ့ပစ်မှတ်က သေချာတယ်ငါပဲ
ဒါပေမယ့် သူမရဲ့ စဥ်းစားညာဏ်မရှိတဲ့အပေးအယူကြောင့် ယွဲ့ရဲ့ပြည်သူတွေ
ငါတို့ရဲ့မျိုးနွယ်စုလူတွေသေကြေရလိမ့်မယ်
ဒီတော့တစ်နည်းပဲရှိတော့တယ်
ငါ မင်းကြီးကို ပြောပြရမယ်'

villain systemWhere stories live. Discover now