1.8

1.3K 107 9
                                    

unicode

ပိုင်ယွဲ့ ပန်းနှစ်ပွင့်ကခုန်ခြင်းလို့အမည်ရတဲ့ ဇာတ်ကားမှာ ဗီလိန်နေရာကနေသရုပ်ဆောင်ဖို့ဝင်အရွေးခံမယ်ဆိုတဲ့သတင်းဟာ
ရုပ်ရှင်လောကမှာသာမက ဆိုရှယ်မီဒီယာပေါ်မှာ ပါပျံ့နံ့သွားခဲ့တယ်

စူးရိဟွားရဲ့ပိုင်ယွဲ့အပေါ် လုပ်ရပ်တွေပေါ်ခဲ့ပေမယ့် သူမရဲ့လုပ်ရပ်တွေဟာ
ဒီဇာတ်လမ်းရဲ့ဇာတ်လိုက်မအဖြစ်မှ
ထုတ်ပယ်ခံရတဲ့အထိတော့မဟုတ်ခဲ့

ဒါ့အပြင် ဒီဇာတ်လမ်းမှာသာ ပိုင်ယွဲ့လည်းပါဝင်ခဲ့မယ်ဆိုရင်တော့ ကြည့်ကောင်းတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်လာမယ်ဆိုတာကိုအကုန်လုံးကထင်ကြေးပေးနေကြတယ်

ဘာကြောင့်လည်းဆိုတော့ ရိဟွားဟာ
နာမည်ကြီးတဲ့သရုပ်ဆောင်ဖြစ်သည့်တိုင်
ပိုင်ယွဲ့ရဲ့အရည်အချင်းဟာလည်း
ပေါ့သေးသေးမဟုတ်တာကြောင့်
သူတို့နှစ်ယောက်သာအတူတူသရုပ်ဆောင်မယ်ဆိုရင်ပရိတ်သက်တွေအတွက်တော့
ကောင်းချီးတစ်ခုပေါ့

ပိုင်ယွဲ့သရုပ်ဆောင်ရွေးတဲ့နေရာရောက်တော့
အကုန်လုံးက ချောမောလှပတဲ့သူတွေချည်းဖြစ်နေတာကြောင့်သူမကိုယ်သူမ အားငယ်သွားရသည်

လူရွေးခန်းထဲဝင်သွားသူတေအကုန်လုံး
မျက်နှာငယ်လေးတေနဲ့ထွက်လာတာမို့
သူမအတွက်အခွင့်အရေးရှိသေးသည်
ဟုကိုယ့်ကိုကိုယ်ဖြေသိမ့်နေရသည်

ဆယ့်ငါးမိနစ်လောက်စောင့်အပီးမှာတော့
သူမရဲ့အလှည့်ရောက်လာတာမို့
ကိုယ့်ကိုကိုယ်အားတင်းပီး ဝင်သွားလိုက်သည်
အထဲမှာ ဇာတ်လမ်းရဲ့ဒါရိုက်တာဖြစ်ပုံရတဲ့
လူကသူမကိုတစ်ချက်စူးစိုက်ကြည့်ပီး
သရုပ်ဆောင်ကြည့်လို့ပြောလိုက်တယ်

ပိုင်ယွဲ့လဲ သူမရဲ့ဇာတ်ကောင်ကိုအသက်သွင်းလိုက်​တော့တယ်

မင်းသမီးရှင့် ကျမလို အညတရမိန်းကလေး
ဟာ မင်းကြီးရဲ့ အမိန့်တော်ကလွဲရင်
ဘယ်သူ့အမိန့်မှမနာခံနိုင်ပါဘူး
ခွင့်လွတ်ပါ
ကျမဟာ မင်းကြီးရဲ့အမိန့်တော်နဲ့
မင်းသားနဲ့မင်းသမီးရဲ့အကြံအစည်တေကို
လိုက်လံနှောင့်ယှက်နေမှာမို့ ကျမကိုအခုသတ်လိုက်တာပိုကောင်းပါလိမ့်မယ်

villain systemWhere stories live. Discover now