5.1

390 30 5
                                    

Unicode

ယုဝမ်ဒီတစ်ခါရောက်လာတာက သူမရင်းနှီးနေတဲ့နေရာတစ်ခု
သူမ ဖခင်နဲ့ ထိုင်နေကျ မြက်ခင်းပြင်ကျယ်ကြီးတစ်ခု ပေါ် လဲလျောင်းနေရင်း နိုးထလာရတယ်
" ရှောင်းက မှတ်ညာဏ်လွဲပေးလိုက်တာများလား ဒါမှမဟုတ် တစ်ယောက်ယောက်က သူမကိုအတိတ်ထဲမှာပဲနစ်မြုပ်စေချင်တာလား"

ယုဝမ် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း တွေးတောနေလိုက်သည်

သူမရဲ့မြင်ကွင်းထဲ ကို ပြာလွင့်လွင့်အရိပ်တစ်ခုက ထင်ဟပ်လာရသည်
အရိပ်က သူမဆီ ဦးတည်လျှောက်လာရင်းက
အရိပ်မှသည် တဖြည်းဖြည်းချင်း ခန့်ညားတည်ကြည်သည့် ယောကျာ်းပျိုတစ်ယောက်ဖြစ်ကြောင်းသူမတွေ့လိုက်ရသည်
သူက ကောင်းကင်ဘုံမှနတ်ဘုရားတစ်ပါးလို
ဝင့်ထည်နေပီး မျက်နှာထက် အေးမြတဲ့ အပြုံးတစ်ခုကိုချိတ်ဆွဲထားတယ်
သူမနဲ့နီးလာလေလေ အပြုံးတို့က ပိုမို ပေါ်လွင်လာလေပင်
လျှောက်လာနေတဲ့ခြေလှမ်းတိုင်းက သူမအတွက် မတူတဲ့ခံစားချက်ကိုပေးစွမ်းတယ်
သူမကအခု မှတ်ဉာဏ်တွေထဲရောက်နေတာလား ဆိုတာတောင်မသိနိုင်တော့ဘူး

သူမ အတွေးထဲနစ်မြောနေတုန်းမှာပဲ ယောကျ်ားပျိုက သူမရှေ့ရောက်နေပီပင်
သူ့ရဲ့ လက်တို့က သူမ ခေါင်းဆီ ခပ်ဖွဖွ ပုတ်လိုက်ရင်း သူ့ရဲ့ ရယ်သံ လေးတို့က ပဲသူမကိုနိုးကြားစေတော့သည်လေ

ယုဝမ်တခါမှ အာရုံအဲ့လောက်မပျံ့လွင့်ဖူးဘူးလားလို့


........အားမူ မင်း တကယ်တောင်အောက်မဆင်းဘူးပေါ့.......

"ဟမ်! သူ့ရဲ့အသံ
သွားပီ.....သွားပီ ယုဝမ် ကိုယ့်စိတ်ကိုထိန်းစမ်း.........

အမ် အားမူ ဘယ်သူလဲ ငါက ယုဝမ်ပါ
မဟုတ်မှ ရှောင်းစုတ် နည်းနည်းပါးပါးတောင့သတိလာမပေးဘူး အခုငါ နောက်ကမ္ဘာ ရောက်နေတာပေါ့လေ"

......တောက်!.......

.......အ!....

သူမ နဖူးထက် ထိခတ်သွားပါတဲ့ လက်ထိပ်ဖျားလေး
သူမချက်ချင်းပဲ သူ့ကိုမော့ကြည့်တော့
ရယ်မောနေပြန်တယ်

...........အားမူ မင်းစိတ်တော်တော်ပျံ့လွင့်နေတာပဲ မင်းရဲ့ဆရာတူအကိုက သေချာပြောနေတာလေကွာ........

You've reached the end of published parts.

⏰ Last updated: Jul 11, 2022 ⏰

Add this story to your Library to get notified about new parts!

villain systemWhere stories live. Discover now