space

399 33 13
                                    

Unicode

ဂျီအန်းတို့တွေ Golden ကုမ္ပဏီကိုတိုက်ခိုက်ပီး 6 နှစ်အကြာမှာတော့

မီးရောင်စုံတွေပြည့်နေတဲ့ အခန်းကျယ်ကြီးတစ်ခု
ကခုန်သူတွေကြား ငယ်ရွယ်ချောမောတဲ့ ကောင်ငယ်လေးက နေရာတစ်ခုကိုပဲ
စူးစိုက်ကြည့်နေလေရဲ့
ဖွင့်ထားတဲ့သီချင်းနဲ့ အပြိုင် ပြင်းထန်လာတဲ့
သူ့ရဲ့အသက်ရှူသံ
သူ့ရှေ့က အချိုးညီစွာ ကနေတဲ့ မိန်းကလေးကြောင့် လည်းပါတာပေါ့

So baby ,come like me up

And maybe I'll let you on it

A little bit dangerous,

But baby,that's  how I want it

A little less conversion,and

A little more touch my body

Cause I'm so into you

Into you

Into you

စင်မြင့်ထက် သီချင်းနဲ့အပြိုင်ကခုန်နေတဲ့ မိန်းမပျို
ဖွင့်ဟထားတဲ့သီချင်းက Arinara Grandeရဲ့
Into you

သူမရဲ့ ကကွက်တွေကြောင့် အခန်းကျယ်ကြီးရဲ့ မျက်လုံးတွေက သူမဆီသာ ဝဲပျံနေလျက်

သီချင်းပီးဆုံးသွားလို့ စင်အောက်ဆင်းလာတဲ့သူမထံ အသက်လတ်ပိုင်းအရွယ် လူတစ်ယောက်က အတင်းချဥ်းကပ်လာလေရဲ့
သူ့ရဲ့လက်တို့က သူမရဲ့ ခန္ဓာကိုယ်ပေါ် ပြေးလွှားနေလျက်
သူမရဲ့ မနှစ်မြို့တဲ့အမှုအရာကို ထိန်းလိုက်ရင်း သူခေါ်ရာ လိုက်သွားလိုက်တယ်
တစ်ပြိုင်နက်တည်းမှာပဲ သူမတို့ကိုစောင့်ကြည့်နေတဲ့ မျက်လုံးတစ်စုံကလည်း ဒေါသကြောင့်
အရောင်တွေပြောင်းကုန်တယ်

ဒါပေမယ့် အဲ့ဒီ့လူရဲ့လက်တွေက သူမရဲ့မထိသင့်တဲ့နေရာကိုနယ်ကျွံ့လာချိန်မှာတော့
ခုနကမျက်လုံးပိုင်ရှင်ဟာ သူမကိုထိတဲ့သူရဲ့လက်တွေကို လိမ်ချိုးလိုက်တော့တယ်
အခန်းကျယ်တစ်ခုလုံး အဲ့ဒီ့လူရဲ့ အော်သံတွေနဲ့ချက်ချင်းပြည့်နှက်သွားတော့တယ်

ပီးတာနဲ့ သူမရဲ့ ခန္ဓာကိုယ်လေးကို သူ့ရဲ့ရင်ခွင်ထဲဆွဲသွင်းကာ ထွက်သွားတော့တယ်
သူတို့ထွက်သွားတာနဲ့ အနက်ရောင်ဝတ်လူလေးငါးယောက်လောက်က
နာကျင်လို့အော်ဟစ် နေတဲ့ လူကိုဖမ်းခေါ်သွားတော့တယ်

villain systemWhere stories live. Discover now