4.2

473 45 2
                                    

Unicode

ဒီအပိုင်းကစပီး ယုဝမ်ကို ဟုန်းဂျီအန်း လို့သုံးပါမယ်

ဂျီအန်း မှန်ရှေ့ မှာ ကိုယ့်ရုပ်ကိုယ် ကြည့်နေတုန်း အခန်းထဲကိုပြေးဝင်လာတဲ့ ကလေးမလေးတစ်ယောက်
သူမကိုမြင်တာနဲ့ အားကိုးတကြီး ပြေးဖက်လာတော့တယ်

(ဟုန်းဂျီနာ)...... အစ်မ သက်သာရဲ့လား ဘယ်နားနာနေသေးလဲဟင်........

သူမရဲ့ မျက်နှာပေါ်မှာရှိတဲ့ဒဏ်ရာတွေကိုရော
တစ်ကိုယ်လုံးမှာရှိတဲ့ဒဏ်ရာတွေကိုပါ ကြည့်ရင်း မေးလာတဲ့ ကလေးမက ဇာတ်လိုက်မ မှဟုတ်ပါလေစ
မူလ ဂျီအန်းရဲ့ ခံစားချက်တွေကြောင့် မသိလိုက်ခင်မှာပဲ လက်တို့က ကလေးမရဲ့ ခေါင်းထက်ရောက်နှင့်နေပီ
ဂျီအန်း ကလေးမ ရဲ့ခေါင်းကိုခပ်ဖွဖွလေးပုတ်လိုက်ပီး

(ဂျီအန်း)...... စိတ်မပူပါနဲ့ အစ်မ ဘာမှမဖြစ်တော့ဘူး သက်သာနေပီ......

ဂျီအန်းပြောလိုက်မှ ဂျီနာလေးက မျက်နှာလေးဝင်းလာတော့တယ်
ပီးတာနဲ့ သူမရဲ့ လက်ကိုဆွဲပီး အခန်းပြင်ထွက်ဖို့ပြင်တော့တယ်

(ဂျီအန်း)........ ဂျီနာ အစ်မ ကိုဘယ်ခေါ်သွားနေတာလဲ......

(ဂျီနာ).......... အစ်မ ဗိုက်ဆာနေမှာပဲလေ မနေ့ကပြန်လာတည်းက ဘာမှမစားရသေးဘူးမလား.......

မူလဂျီအန်းက မနေ့ကအဖြစ်ပီးတာနဲ့ သတိလစ်သွားလို့ အခုထိဘာမှမစားရသေးတာလေ

(ဂျီအန်း)......... အော ဟုတ်သားပဲနော် အိုကေ သွားစားကြတာပေါ့..........

ဂျီနာတို့ မနက်စာစားဖို့သွားတဲ့အချိန်မှာပဲ
သူတို့ရှေ့ကိုပိတ်ရပ်လိုက်တဲ့ မိန်းကလေးသုံးယောက်
သူတို့ကိုမြင်တာနဲ့ ဂျီအန်းရဲ့လက်ကိုဆုပ်ကိုင်ထားတဲ့ဂျီနာလေးဟာ တစ်ကိုယ်လုံးတုန်ရင်လာတော့တယ်
သူမတို့က ဂျီအန်းကို လှောင်ပြုံးတွေနဲ့တစ်ချက်ကြည့်လိုက်ပီး

....... အိုး ဟုန်း ညီအမတွေပါလား ဂျီအန်း နောက်ဆုံးတော့ မင်းသတိရပီပဲ
တို့က အတူတူနေကြတဲ့သူတွေမလား ဒီတော့
တို့က မင်းကိုစိတ်ပူနေကြတာ
တို့ စိတ်ပူရတာက မင်းသာ သတိမရတော့ရင်
ဂျီနာ လေးကိုတို့ ပြုစုပေးရတော့မှာမလား
တို့က အပြုစုကြမ်းတယ်လေ အဟင်း ဂျီနာလေးမခံနိုင်မှာ စိုးတယ်လေ......

villain systemWhere stories live. Discover now