Part 17 (U+Z)

6.3K 479 71
                                    

#Unicode

. . . မနက်ခင်းလေးမှာ နိုးလာခဲ့ . . . အရင်ဆုံးမင်းကို လွမ်းပါတယ် . . . အားးးးဝမ်းနည်းမိတယ် . . . ငါ့စိတ်တွေ ထိန်းမရတော့ဘူးကွယ် . . . အတွေးထဲမှာ နှိပ်စက်တာ မင်းပဲ . . . အိပ်မက်သာဖြစ်မယ်ဆို ဘယ်လောက်ကောင်းလိုက်မလဲ . . . အို တစ်ယောက်တည်း . . . မင်းမရှိရင် အသက်မရှင်ချင်ဘူး အချစ်ရယ် . . . မနေ့က ငါသေဆုံးသွားခဲ့. . . မင်းမရှိရင် အသက်မရှင်ချင်ဘူး အချစ်ရယ် . . . မနေ့က ငါသေဆုံးသွားခဲ့ . . . ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ် . . . ဘယ်မှာလိုက်လို့ရှာမယ် . . .

ဒီလောက်မနက်အစောကြီး ဘယ်သူဖုန်းခေါ်နေတာပါလိမ့်။ မျက်လုံးမဖွင့်နိုင်သေးဘဲ ဖုန်းကိုင်လိုက်ရသည်။

"ဟဲလို"

အိပ်ချင်မူးတူးနဲ့ထူးတဲ့ ဘေဘီ့အသံလေးက ကလေးလေးတစ်ယောက်လို ချစ်ဖို့ကောင်းနေပေသည်။ ချစ်သူရတဲ့အခါ ဒီလိုချိုမြိန်မှုမျိုးလေးတွေ ရှိတယ်ဆိုတာကို ခင်ဗျားတို့ သိပါရဲ့လား။

"ဘေဘီ"

"အင်းးးလူကြီး"

"ခါတိုင်း ကျောင်းသွားရင် ဘယ်သူနဲ့သွားလဲ"

"မမားနဲ့"

"ခုရော"

"သာထူးနဲ့"

"အဲ့ဒါဆို ဒီနေ့ ကိုယ်နဲ့သွားရအောင်။ ကိုယ်ခုလာခေါ်မယ်"

"ချက်ချင်းကြီးလား လူကြီး။ အစောကြီးရှိသေးတယ်လေ"

"ခြောက်နာရီ ထိုးနေပြီ ဘေဘီ"

"ကျွန်တော်ခုထိ အိပ်ရာမထရသေးဘူးလေ"

"အင်း ခုထလိုက်တော့နော်"

ပြောပြီး ဖုန်းချသွားတဲ့ လူကြီးက အားလုံး သူ့စိတ်သဘောအတိုင်းသာ။ လင်ရာ အိပ်ရာထပြီး ကျောင်းသွားဖို့ ပြင်ဆင်ပြီးတဲ့အချိန် လူကြီးလည်းရောက်လာလေသည်။

"လူကြီး အစောကြီး ရှိသေးတာကို ကျောင်းသွားမလို့လား"

"No လက်ဖက်ရည်ဆို ထိုင်မလို့။ မနက်စာ ဘေဘီ ဘာစားချင်လဲ"

"ပေါက်စီ စားချင်တယ်"

"Ok ကိုယ်တို့ ရွှေစကားမှာ စားကြမယ်။ ပေါက်စီဆို ရွှေစကားက စားအကောင်းဆုံးပဲ။ အသားတွေ အများကြီးလည်းပါတယ်"

မြတ်နိုးစွာ နှောင်ဖွဲ့မိသောWhere stories live. Discover now