Part 21 (U+Z)

6K 460 73
                                    

#Unicode

. . . အကြင်နာတွေကို စုခဲ့ဘူးတဲ့ ငါ့ရဲ့စုဘူးကွဲပြီ . . . ရင်ခုန်သံတွေကို အသုံးချပြီးတော့ မင်းကအသဲခွဲသည် . . . အိုး . . . ငါ့လိုချစ်တဲ့ အချစ်ဆိုတာ တကယ်မွန်မြတ်ခြင်းမျိုး . . . မင်းအပေါ် အနစ်နာခံကာ တကယ်ပါ ငါလေချစ်လို့ . . . သွားတော့ သွားတော့ သွားတော့  နောက်ထပ်တစ်ကြိမ် ငါ့ရင်ထဲ နင်ပြန်မလာပါနဲ့တော့ . . .  သွားတော့ သွားတော့ သွားတော့  နောက်ထပ်တစ်ကြိမ် ငါ့ရင်ထဲ နင်ပြန်မလာပါနဲ့တော့ . . . . .

နှိုးစက်သံကြီး ပြန်ပိတ်ပြီး ပြန်အိပ်ဖို့ ပြင်လိုက်သည်။ ငါးမိနစ်ကြာတော့ နှိုးစက်က သီချင်းသံက နောက်တစ်ကြိမ် ထပ်မည်လာပြန်ပါသည်။

အော်ဟစ်ပြီးတော့ ငိုလိုက်ချင်ပါသည်။ မနက်စောစော အိပ်ရာထရတာကို အရမ်းမုန်းတာမို့ မနက်ပိုင်း စာမေးပွဲဖြေရတာကို ပိုမုန်းပါသည်။ မနက်ပိုင်း စာမေးပွဲ ဖြေရမှာမို့ မနက်တိုင်း ‌လေးနာရီခွဲထပြီး စာကျက်ရတာကို အရမ်းမုန်းပါသည်။

လူကြီးကတော့ သူ့ကို မနက်ခြောက်နာရီမှ နှိုးပါတဲ့လေ။ တစ်ညလုံး စာကျက်ထားတာမို့ မထချင်ပါဘူးတဲ့။ မနက်ခြောက်နာရီးထိုးမှ ထမှာမို့ အဲ့အချိန်တော့ ဖုန်းဆက်ပြီး နှိုးပေးပါတဲ့လေ။

လူကြီးရဲ့ဉာဏ်ရည်ကို အားကျပါသည်။ စာတစ်ပုဒ်ကို စိတ်ထဲက သုံးခါလောက်ဖတ်တာနဲ့ အလွှတ်ရ‌ပြီး ဘယ်တော့မှ မမေ့တော့ပေ။ ကောင်းလိုက်တဲ့ ဉာဏ်ရည်။ လင်းရာမှာတော့ စာတစ်ပုဒ်ကို အခေါက်ခေါက် အခါခါ ကျက်ထားတာတောင် မေ့ချင်နေပြီး စာမေးပွဲခန်းထဲ ဝင်ခါနီးအထိ စာအုပ်ကြီး ကြည့်ဖတ်ပြီး နွှေး‌နေရတုန်းပင်။

မနက်ဆိုလည်း အပင်ပန်းခံပြီး စောစောထပြီး စာပြန်နွှေးရတုန်း။ မေမေ ဘာလို့ သားကို လူကြီးလို ဉာဏ်ကောင်းအောင် မွေးမပေးခဲ့တာလဲဟင်။

စိတ်ထဲမှာ အော်ဟစ်ငိုယိုနေတုန်း နှိုးစက်သံက ပြန်မြည်လာပေသည်။ ဒီသီချင်းကြီး ကြားတိုင်း လန့်ပြီး အိပ်ရာထရသည်။ အကြင်နာတွေကို စုလို့ ထားတဲ့ ငါ့ရဲ့စုဘူးကွဲသည် ဆိုတဲ့ စုဘူးသီချင်းကို လူကြီးက Alarm ringtone အဖြစ်ထားပေးခဲ့တာပါ။

မြတ်နိုးစွာ နှောင်ဖွဲ့မိသောWhere stories live. Discover now