#Unicode
"ဘေဘီရာ ကိုယ်တစ်နေကုန် ဖုန်းခေါ်နေတာကို ဘာလို့မကိုင်ရတာလဲကွာ"
"ကျွန်တော် ဆန်စက်ထဲမှာ တစ်နေကုန် အလုပ်လုပ်နေရတာ။ ညနေကမှ ပြန်ရောက်တာ"
"အဲ့တာဆိုလည်း ကိုယ်ဖုန်းခေါ်ထားတာ အများကြီးလေ။ ပြန်ခေါ်တာ မဟုတ်ဘူး"
"ညနေ၆နာရီထိုးမှ အိမ်ပြန်ရောက်တာ။ ရေမိုးချိုး ထမင်းစားပြီးတဲ့အချိန်က ည၈နာရီကျော်နေပြီ။ မိသားစု စကားလက်ဆုံကျနေတော့ ဆယ်နာရီထိုးသွားရော။ ခုမှ အခန်းထဲ ဝင်လာတာ။ ဖုန်းကို ခုမှကိုင်ရတယ်။ လူကြီးဖုန်းခေါ်ထားတာ အများကြီးတွေ့လို့ ခုပဲပြန်ခေါ်တော့မလို့"
"အင်း ပြောလိုက်ရင် ဘေဘီ့မှာ အကြောင်းပြချက်တွေချည်းပဲ"
"အကြောင်းပြချက် မဟုတ်ရပါဘူး လူကြီးရာ"
"နေ့ခင်း နေ့လည် ဖုန်းခဏလေး ပြန်ခေါ်ဖို့တောင် လုံးဝမအားတာလား"
"အဲ့လိုတော့ မဟုတ်ဘူးလေ။ ဆန်စက်ထဲမှာဆိုတော့ တခြားသူတွေနဲ့မို့ပါ။ ပြီးတော့ ဒီနေ့မှ ဖုန်းကလည်း အခန်းထဲ ကျန်နေခဲ့လို့"
"အင်း ဘေဘီ့ဆီက အဲ့စကားတွေ ကြားရတာ ကိုယ်ရိုးနေပါပြီ။ ဖုန်းမေ့ကျန်ခဲ့လို့။ ပြန်ခေါ်တော့မလို့ပဲ။ တခြားသူတွေလည်း ရှိနေတော့ ဖုန်းပြောလို့ အဆင်မပြေလို့ပါ ဆိုတာတွေက နေ့တိုင်းကြားနေရတဲ့စကားတွေမို့ အလွတ်တောင်ရနေပြီ။ ဘေဘီ ကိုယ့်ကို ပလစ်တာတွေ အရမ်းများနေပြီ"
"မဟုတ်ပါဘူး လူကြီးကလည်း"
"အင်း ထားပါတော့ ကိုယ်ခု ဘေဘီ့ကို အရမ်းလွမ်းနေလို့ ဖုန်းဆက်လိုက်တာ။ ဒါပဲနော်"
စိတ်ဆိုးပြီး ဖုန်းချသွားတဲ့ လူကြီးကို လင်းရာ ဘာမှ ပြောခွင့်မရလိုက်ပေ။ ကျောင်းစ'ပိတ်ထဲက ဒီနေ့အထိ အမြဲတမ်း စကားများရသည်က လင်းရာက ဖုန်းမကိုင်လို့၊ လင်းရာက ဖုန်းမဆက်လို့ ဆိုတာတွေကြောင့်ပင်။ ဖုန်းပြောရတာ သိပ်မကြိုက်တဲ့ လင်းရာအဖို့ တော်ရုံဆို ဖုန်းဆက်မပြောဖြစ်ခဲ့ပေ။ ဖေဖေ့ကို စက်ထဲလိုက်ပြီး ကူနေတာမို့ ဖုန်းမသုံးဖြစ်ခဲ့တာဆို ပိုမှန်ပါလိမ့်မည်။
YOU ARE READING
မြတ်နိုးစွာ နှောင်ဖွဲ့မိသော
Romanceတကယ်ပါ ခြေတစ်လှမ်း လှမ်းတိုင်း လူကြီးကို တစ်ခါလွမ်းခဲ့တာ။ ခင်ဗျားပေးခဲ့တဲ့ Foot Chainလေးက ခြေလှမ်းလိုက်တိုင်း ခင်ဗျားကိုလွမ်းဖို့ သတိပေးနေသလိုပဲ။ ကျွန်တော် ခြေတစ်လှမ်း လှမ်းရမှာတောင် ကြောက်နေခဲ့မိတာ။