#Unicode
မနက်စောစော ကျောင်းကိုရောက်နေ၍ မမားတို့ သူငယ်ချင်းအဖွဲ့နဲ့ Together မှာ ထိုင်နေတုန်း မမနွယ်က လူကြီးအကြောင်းကို ပြောလေသည်။
"ဟဲ့ ခင်လေး"
"ဟင်"
"နင်အချစ်တော်ကြီး ကျောင်းပြောင်း လာပြန်ပြီ"
"ဘယ်သူလဲ"
"မေချယ်ရီအောင်လေ"
"ဪ . . . မေချယ်လား"
"အင်း"
ဟိုးးးအရင်အချိန်တွေတုန်းကတော့ မေချယ်ရီအောင်ဆိုတဲ့ မေချယ်က ခင်လေး ကြည့်မရဆုံးသူ ဖြစ်ခဲ့ဖူးသည်။ ခုတော့ အရာအားလုံးက ကိုယ်နှင့် မဆိုင်တော့ပြီမို့ မေချယ်ပြန်ရောက်လာခြင်းအပေါ် ခံစားချက် မရှိတော့ပေ။
"မေချယ်ရီအောင် ဆိုတာ ဘယ်သူလဲဟေ"
တတိယနှစ်မှ ကျောင်းပြောင်းလာသည့် အိမ့်မှူးကတော့ သိမည်မထင်။
"မေချယ်ရီအောင်ဆိုတာ ခင်လေးနဲ့ဘုန်းစစ်ပိုင်ကို ဝေးကွာစေခဲ့တဲ့ ခင်လေးရဲ့အချစ်တော်ကြီး ဘုန်းစစ်ပိုင်ရဲ့ မဟာသူငယ်ဂျင်းကြီးပေါ့ဟယ်"
"ဟမ် ဘယ်လိုကြီးလဲ"
"အင်း နင်က တတိယနှစ်မှ ပြောင်းလာတာဆိုတော့ ဒီအကြောင်းတွေကို မသိဘူး"
"ပြောပြဦးငါ့ကို။ အဲ့မေချယ်ဆိုတဲ့ ကောင်မလေးကိုလည်းပြထားဦး။ ခေါ်မိမှာဆိုးလို့"
"အင်း ပြလည်း ထားမယ်။ ပြောလည်းပြမယ်"
"အင်း နားထောင်ချင်တယ်။ ခုပြောပြ"
မမအိမ့်မှူးနဲ့အတူ လင်းရာပါ နားစွင့်ထားလိုက်သည်။ လူကြီးအကြောင်းဆိုတော့ လင်းရာနဲ့ဆိုင်နေသည် မဟုတ်ပါလား။ ကိုယ်တို့ သက်ဆိုင်မှုကို ဘယ်သူမှ မသိပေမယ့် ကိုယ်သိနေခဲ့သည်လေ။
"မေချယ်က အရင်က ငါတို့ EC ဌာနမှူး ဒေါ်ခင်မျိူးအေးရဲ့ သမီး။ ငါတို့ ဒုတိယနှစ်မှာ တီချယ်က ရာထူးတိုးနဲ့ ကျိုင်းတုံကို ကျောင်းပြောင်းရတော့ မေချယ်ကပါ သူ့အမေနဲ့အတူ လိုက်ပြောင်းသွားတာ။ ခု ချယ်က ဒီကို ပြန်ပြောင်းလာတော့ သူ့သမီးဖြစ်တဲ့ မေချယ်ပါ ကျောင်းပြောင်းလာတယ်ပေါ့ဟယ်"
YOU ARE READING
မြတ်နိုးစွာ နှောင်ဖွဲ့မိသော
Romanceတကယ်ပါ ခြေတစ်လှမ်း လှမ်းတိုင်း လူကြီးကို တစ်ခါလွမ်းခဲ့တာ။ ခင်ဗျားပေးခဲ့တဲ့ Foot Chainလေးက ခြေလှမ်းလိုက်တိုင်း ခင်ဗျားကိုလွမ်းဖို့ သတိပေးနေသလိုပဲ။ ကျွန်တော် ခြေတစ်လှမ်း လှမ်းရမှာတောင် ကြောက်နေခဲ့မိတာ။