#Unicode
မနက်ဘက် ကျောင်းသွားတော့ ငွေခြည့်ကို သာထူး ဝင်ခေါ်ခဲ့လိုက်သည်။
"ငွေခြည် နင်ငါ့ကို အဖြေပေးဖို့ သင့်နေပြီနော်"
"ပေးမှာပေါ့ သာထူးရယ်။ ငါလည်း သေချာတွေးရသေးတယ်လေ"
"ဘာလဲ နင်က ငါ့အချစ်ကို မယုံလို့လား"
"နင့်အချစ်ကို မယုံတာမဟုတ်ဘူး။ ငါနင့်ကို တကယ်ချစ်လား မချစ်လား ငါ့ကိုယ်ငါ သေချာ ဆန်းစစ်နေတာ။ ငါနင့်ကို မချစ်ဘဲ အဖြေပေးလိုက်မိရင် ငါ့ကိုအရမ်းချစ်တဲ့ နင့်အပေါ် ဘယ်တရားပါ့မလဲ။ ချစ်တာ မသေချာဘဲ အဖြေမပေးချင်ဘူး။ ငါ့ကြောင့် ဘယ်သူ့ကိုမှ မနာကျင်စေချင်လို့ပါ။ ဒါပေမဲ့ သိပ်မကြာတော့ပါဘူး။ နင့်ကို ငါ အဖြေပေးနိုင်တော့မယ် ထင်ပါတယ်"
"ရလာဒ်ကောင်းလေး မျှော်နေမယ် အခြည်"
"အင်း နင်ရပြီဆိုရင်တော့ ရလာဒ်ကောင်းဖြစ်ဖို့ များပါတယ်"
"ကျေးဇူး"
ကျောင်းသွားဖို့ ငွေခြည့်ကို ဝင်ခေါ်ရင်း အဖြေတောင်းမိပြန်သည်။ ငွေခြည့်ကို အဖြေတောင်းတိုင်း ခဏ စောင့်ပေးပါဟု ပြောတတ်ပေမယ့် ဒီတစ်ခါတော့ သိပ်မကြာတော့ပါဘူးတဲ့လေ။ ရလာဒ်ကောင်းလေး မျှော်လင့်ပါရစေ။
ဘေဘီနဲ့ကိုယ် အဆင်ပြေပြီးနောက်ပိုင်း အရင်လို လမ်းမှာတွေ့ရင် မမြင်ချင်ယောင် မဆောင်ဖြစ်တော့ဘဲ လူမသိ သူမသိ မျက်လုံးချင်းစကားပြောတတ်လာကြသလို အချက်ပြ သင်္ကေတတွေ သုံးတတ်လာကြလေသည်။
လမ်းမှာတွေ့တဲ့အခါ ပါးစပ်ရှေ့မှာ လက်ညှိုးလေး တစ်ချောင်းထောင်ပြရင် ဒါက အိမ်သာမှာ တွေ့ကြမယ်ပေါ့။ သိတယ်မလား ငယ်ငယ်က အိမ်သာသွားချင်တဲ့အခါ "ဆရာမ အပြင်ခဏသွားခွင့်ပြုပါခင်ဗျာ" လို့ပြောတိုင်း ပါးစပ်ရှေ့မှာ လက်ညှိုးလေးထောင်ပြီး အသုံးပြုခဲ့တဲ့ သင်္ကေတလေးကိုလေ။ ခုလည်း ကျွန်တော်တို့ တွေ့ချင်တဲ့အခါ အဲ့တာလေးကိုပဲ သုံးနေရတာပါ။
လက်ဖဝါးတစ်ခုကိုလှဲကာ လှဲထားတဲ့ လက်ဝါးအောက်မှာ နောက်လက်ဖဝါးတစ်ခု ထောင်ပြပြီး T ပုံသဏ္ဍန် လုပ်ပြတဲ့အခါ ဦးတီးကန်တင်းမှာ တွေ့ကြမယ်ပေါ့။ တစ်ယောက်နဲ့ တစ်ယောက် အချက်ပြ သင်္ကေတကို သုံးကြသလို ချမ်းမြေ့ဖုန်းကိုငှားပြီးတော့လည်း လွမ်းတဲ့အကြောင်းတွေ အများကြီး ပြောဖြစ်ခဲ့ကြတာပေါ့။
YOU ARE READING
မြတ်နိုးစွာ နှောင်ဖွဲ့မိသော
Romanceတကယ်ပါ ခြေတစ်လှမ်း လှမ်းတိုင်း လူကြီးကို တစ်ခါလွမ်းခဲ့တာ။ ခင်ဗျားပေးခဲ့တဲ့ Foot Chainလေးက ခြေလှမ်းလိုက်တိုင်း ခင်ဗျားကိုလွမ်းဖို့ သတိပေးနေသလိုပဲ။ ကျွန်တော် ခြေတစ်လှမ်း လှမ်းရမှာတောင် ကြောက်နေခဲ့မိတာ။