အပိုင်း (3)

2.4K 289 14
                                    

[Unicode]

3. အမတော်ကငါ့ဧကရီ နင်တို့ဧကရီမဟုတ်ဘူး

   လီယုတစ်ယောက် မနက်ခင်း ကို အစောကြီး အနိူးခံ လိုက်ရတာကြောင့် စိတ် လုံးဝ ကြည်လင် နေခြင်း မရှိပေ။ ဒါပေမယ့် သူ့ခမျာ နိူးတဲ့သူကို အော်ဟစ်ရဲ တဲ့ သတ္တိ ကတော့ မြူတစ်မှုန်စာတောင် ရှိမနေ ပါချေ။ ဒါကြောင့် ပဲ လိမ်လိမ်မာမာနဲ့ အိပ်ယာက ထပြီး နဂါး ဝတ်ရုံ ကို ဝတ်ဆင်ကာ ရုံးတော် တက်ဖို့ ငြိမ်ငြိမ်လေး နေပြီး လိုက်နာ ရုံသာ ရှိတော့တယ်။

  သူက အခုဆို ဧကရာဇ် တစ်ပါး မို့ မနက်ရုံးတော် တက်ရမှာ ကြောင့် ပြင်ဆင်နေတာလေ။ ဒါ.....ဒါ ကို ဘောက်မဲ့ ကြောင့် အမတော် ကပါ လိုက်ပြီး ပြင်ဆင်နေရ တာတုံး။ သူ ဖက်ဘူးတဲ့ အချစ်စာစောင်တွေ ထဲမှာဆို ဧကရာဇ် က ရုံးတော် တက်ချိန် သူ့ဇနီး ဧကရီ က အိပ်ယာထဲမှာ လှဲပြီး သူပြန် လာမယ့် အချိန်ထိ စောင့်နေရမှာလေ။ ဘယ်လိုတွေ ဖြစ်ကုန်တာတုံး.....။
(မောင်လေး ဝတ္ထု အဖတ်များ သွားပြီ)

  "ယုယု.....ဘာလို့ အမတော် ကို အံ့သြ တစ်ကြီး ကြည့်နေရတာလဲဟမ်''

  ရှန်းလု ဟာ လီယု ကို အများ ရှေ့မှာ သူ့ရဲ့ ဂုဏ်ထူး ကို ခေါ်ပေမယ့် သူတို့ ၂ ဦး ထဲ ရှိနေတဲ့ အချိန် ဆို ရင်တော့ ချစ်စနိုး နာမည်လေး ခေါ်လေ့ ရှိတယ် ။ လီယုကတော့ သူ့အမတော်ရဲ့ နူးညံတဲ့ လေသံနဲ့ နှုတ်ခေါင်း လေး ကို ခပ်ဖွဖွလေး အကုတ်ခံ လိုက် ရတော့ တောင့်တင်းသွား ပြီး စိတ်ထဲ တွေးနေမိတာ တွေ ကို ပါးစပ် ကနေ ယောင်ပြီး ပြော လိုက်မိတော့တယ်။

" အမတော်ဧကရီ က ကျန်း ကို ဘာကိစ္စ ကလေး လို လာလုပ်နေတာတုံး။ အမတော်က ကျန်း မပြန်လာ ခင်အထိ အိပ်ယာ ထဲမှာ စောင့်နေရမှာ မဟုတ်လား..... ''

   ဒါပေမယ့် စကားလဲ ပြောထွက်ပြီး တဲ့ အခါ လီယု တစ်ယောက် ရေခဲ ကန် ကြီး ထဲ ခုန်ချ မိ လိုက် သလိုလုံးဝ ကြောက်လန့် သွားတယ်။ သေပြီ.....သူအမတော်က သူ့ကို ဆူတော့မယ်။

    ရှန်းလု တစ်ယောက် သူ့မောင်လေး ဆီ ကနေ ဒီလို စကား ကြားရတော့ အနည်းငယ် မျက်မှောင်ကြုတ် သွား လေရဲ့။ သူမ သိလိုက်ပြီလေ....သူ့မောင်လေး က ဒီ နန်းတွင်း ချစ်ရေးရာ စာစောင်တွေ ခိုးဖက်ထားတယ် ဆိုတာကိုပေါ့။ အမှန် ဆို သူမ အဲ့ကလေး ခေါင်း ကို 'ဒေါက်'ခနဲ မြည်အောင် တောင် ခေါက်ပစ် ချင်တာ ဒါပေမယ့် သူမက အညင်သာ ဆုံး လေသံနဲ့ ပြန်စ လိုက်တယ်။

COMPLETE  ဧကရီကို ကိုယ်တော် မုန်းတယ် (Own Creation)Where stories live. Discover now