အပိုင်း (13)

1.5K 148 18
                                    


[Unicode]

မနက်ခင်း အိပ်ယာက နိုးတဲ့ အခါ လီယု တစ်ယောက် တစ်ကိုယ်လုံး နာကျင် ကိုက်ခဲ နေပြီပဲ ဖြစ်လေတယ်။ ပြီးတော့ မနေ့ညက သူ့အမတော် က သူ့ကို တကယ်ကြီး အကြမ်းဖက် ပြီး သိမ်းပိုက်ပြစ် ခဲ့တာပဲ။ အတွင်း စိတ်ထဲ မှာတော့ ပျော်လွန်းလို့ ခုန်နေပေမယ့် အပြင် ဘက်မှာတော့ မျက်နှာလေး ညိုးကာ မျက်ရည် လေး တစမ်းစမ်း ဖြစ်အောင် လုပ်လိုက်တယ်။

    သူမ ရင်ခွင်ထဲ ကအနွေး လုံးလေး လုပ်နိုး လာတာ ကိုတွေ့ ရှန်းလု က နှဖူးလေး နမ်းကာ မေး လိုက်တယ်။

" ယုယု လေး.......  နိုးပြီလား....နာနေသေးလား...''

   ခေါင်းလေး ကို ငြိမ့်ပြီး မျက်ရည်လေးတွေ တွဲ ခိုနေတဲ့ သူဟာ မနေ့ညက တော်တော်လေး ကြမ်း ခဲ့မှန်း သိသာနေလောက် အောင် လှပလွန်းနေ ခဲ့တယ်။
သူမ မောင်လေး က တိုးတိုးလေး ကပ်ပြောခဲ့တယ်။

" အမတော်....ကျန်း နာနေတယ်...''

" အုံဖွ လုပ်ပေး မယ်နော် ပြီးတော့ ခါးလေး ကို လည်း နှိပ်ပေး မယ် ဟုတ်ပြီလား....''

  ပြောရင်း နဲ့ ခါးသွယ်သွယ်လေး ဘေး လေးတွေ ကို အသာလေး နှိပ်နယ်ပေး နေလေရဲ့။

ဒီနေ့မှာတော့ ဖြင့် ဧကရာဇ်လေး ဟာ ညီလာခံ ကို မသွား ခဲ့ ပါဘူး။ ဘာလို့လဲ ဆိုတော့ သလွန်ပေါ်မှာ ထိုင်မရ လို့ပဲ ဖြစ်ပါတယ်။

  မနက်စာ တူတူ စားပြီး တဲ့နောက် ဧကရီ က ဧကရာဇ်လေး ကို နား ချတော့တယ်။ မျိုး ဆက်ရ ရှိဖို့ ကြင်ယာတော်တွေ နဲ့ ပူးပေါင်း သင့်ကြောင်း ၊ တိုင်းပြည်ရဲ့ စီးပွားရေး နဲ့ စစ်ရေး အကြောင်း၊ အမတ်တွေ နဲ့ ဝမ်ရယ်တွေ အကြောင်း ကို ဆွေးနွေး တိုင်ပင် ခဲ့ကြတယ်။

  သူမ ကို မနက်ခင်း ဂါရဝ လာပြု ရတဲ့ ကြင်ယာတော် တွေ ကတော့ သူမ ရင်ခွင်ထဲ က ပန်းသွေးကြွ နေတဲ့ ဧကရာဇ်လေး ကို သရေ တမြားမြား နဲ့ ကြည့်နေ ကြလေတယ်။

   ဒီလောက် လှပတဲ့ သူကို သူမတို့ မထိတွေ့ ချင်ပဲ နေပါ့မလား။ ထိုစဥ် တဲ့ဖေး (မုမု) က ဧကရာဇ်လေး ကို မေးလေတယ်။

" အရှင်မင်းကြီးကို ချန်ချယ် တစ်ခုလောက် မေး ချင်ပါတယ်....မနေ့ ညက ဘယ်နန်းဆောင် ကို ကြွ ခဲ့ ပါသလဲ ဆိုတာ ကို အတင့်ရဲ ပြီး မေးပါရစေ...ပြီးတော့ ချန်ချယ့် နန်းဆောင် ဆီ ကိုလဲ လာရောက် စက်တော် ခေါ် ဖို့ ဖိတ်ခေါ် ချင်ပါတယ်...''

COMPLETE  ဧကရီကို ကိုယ်တော် မုန်းတယ် (Own Creation)Where stories live. Discover now