အပိုင်း (18)

1.3K 123 8
                                    


[Unicode]

   အပြင်ဘက် ကောင်းကင်မှာ သာသာယာယာ ရှိနေ ပေမယ့် တာ့လီ ပြီကြီး ရဲ့ ဧကရာဇ် ပိုင်ဆိုင်တဲ့ စာကြည့်ဆောင် အတွင်း မှာတော့ အရိပ်ကိုယ်ရံတော် တွေ အနည်းဆုံး အယောက် ၃၀ လောက် သူတို့ ရဲ့ ကံကြမ္မာ ကို အဆုံးအဖြတ် ပေးမယ့် စီရင် ချက်ကို ဒူးထောက်ပြီး ရင်ထဲ မှာ အကြောက်တရားတွေ နဲ့ စောင့်စား နေခဲ့ ကြတယ်။

အရိပ်ကိုယ်ရံတော် ခေါင်းဆောင် အပြောင်းအလဲ က မနေ့ က ဖြစ်တာကြောင့် ကြားထဲ မှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေ က ဧကရာဇ် ပတ်ဝန်းကျင် မှာ ဖြစ်သမျှ ဟာ ဧကရာဇ် ကို စောင့်ရှောက်နေ ရတဲ့ သူတို့တွေ ရဲ့ တာဝန်သာ ဖြစ်လေတယ်။

  မနေ့ ညက ဧကရာဇ် ဟာ ဆေးခတ် ထားတဲ့ စွပ်ပြုတ် တစ်ခွက်ကို သောက်မိသွား ပြီး ဝမ်ကူ နဲ့ ညအချိန် ကုန်ဆုံး ခဲ့ကြတယ်။ ဒါပေမယ့် အနားမှာ စောင့်နေတဲ့ အရိပ်ကိုယ်ရံတော် တွေ  က ဆေးခတ်ထား တာကို မသိတဲ့ အပြင် သူ့ကို ဝမ်ကူ က အိပ်ယာပေါ် ကို ဆွဲ တင်သွားတာ ကိုလဲ ဝင်မတား ခဲ့ ကြလေဘူး။

  အယောက် ၃၀ ဆိုတဲ့ အရေအတွက် က ဧကရာဇ် လို ကလေး တစ်ယောက် ကိုတော့ စောင့်ရှောက် ပေးဖို့ရာ များ တဲ့ ပမာဏ ပဲ ဖြစ်လေတယ် ။ ဒါပေမယ့် မနေ့ညက သူသာ ရေခဲ အဆိပ် မမိ ထားရင် ဝမ်ကူ က သူ့ကလေး ကို လွယ်သွား လိမ့်မယ်။ သူ့ကို သတ်ပစ် ရင်တောင် သူတို့က ဘာမှ ဝင်တား ကြမှာ မဟုတ် ဘူး လို့ကို သူထင်နေမိတယ်။

ဧကရာဇ်လေး က ပြုံး ထားရင်း လက်ထဲ မှာလဲ အသီး ခွဲ တဲ့ ဓား အပါးလေး ကို ကိုင်ထား လေတယ်။ သူ့ရဲ့ ပုံစံက မသိနားမလည်တဲ့ ဖြူစင်တဲ့ ကလေး ဆိုတဲ့ ပုံရိပ်နဲ့ အဝေးကြီး ကွာဟ နေလေတယ်။ သားကောင် ကို လိုက်တော့မယ့် တောဘုရင် အသေးစားလေး လိုပဲ...။

" မနေ့ည က မင်းတို့ အယောက် ၃၀ လုံး ဘယ်နေရာ ကို ရောက်နေ လဲ ဆိုတာ ကျန်း သိချင် မိတယ်....''

   ဧကရာဇ် လေးရဲ့ အမေးသံ အပြီး မှာ အရိပ် ကိုယ်ရံတော် ၁ က ပြန်ဖြေ လိုက်တယ်။

" ဧကရာဇ် ကို တင်ပြ ပါတယ်... ကျွန်တော် မျိုး နံပါတ် ၁ ကနေ ၁၅ အထိက အရှင် ခိုင်း ထားတဲ့ အတိုင်း ကြင်ယာတွေ နဲ့ ပတ်သတ်ပြီး အကြောင်း အရာတွေ အကုန် စုဆည်း ခဲ့ပါတယ် ။ နောက်တော့ ညတွင်းချင်းပဲ ကျွန်တော်မျိုး တို့ စုပေါင်း ပြီး အရှင် ဖတ် ဖို့ရာ အစီရင် ခံစာ ကို အသေအချာ မှန်ကန်အောင် ဆောင်ရွတ်  ထားပါတယ်...''

COMPLETE  ဧကရီကို ကိုယ်တော် မုန်းတယ် (Own Creation)Where stories live. Discover now