အပိုင်း (8)

1.7K 175 19
                                    


[Unicode]

8. ဇာတ်ကြောင်းစလေပြီ

  မနက်ခင်း ညီလာခံ မလာတဲ့ ဧကရာဇ် ကြောင့် နေ့လည် ခင်း ဖေးရွေးပွဲ ကို ထိခိုက် သွားမလား လို့ ရွေးချယ်ခံ  အိမ်က လူတွေ က စိတ်ပူ ကြနေသေးတယ်။ ဒါပေမယ့် နေ့လည်ခင်း မှာတော့  မျက်လုံးမှာ အမဲဝိုင်းကြီး နဲ့ ဧကရာဇ်လေး ဟာ ဧကရီ အပေါ် မှီရင်း အပွေ့ခံကာ ကြွ လာပါတော့တယ်။

  ဧကရာဇ် က အရမ်း ကို လူကပ်တက်တဲ့ အကျင့်ရှိတာ ကို တွေ့လိုက် ရတဲ့ အခါ မုမု တစ်ယောက် အရမ်း ကို အံ့သြ သွား သလို ဧကရီ ကို လည်း အရမ်း မနာလို သွားတယ်။ အမှန်ဆို သူမက နန်းတက်ပွဲနေ့က ဧကရာဇ် နဲ့ လက်ဆက်ပြီး ဧကရီ ဖြစ်လာဖို့ နန်းတွင်း ကိုဝင်ခဲ့ပေမယ့် အရင် ဧကရာဇ်ဟောင်း ရဲ့ အမိန့်စာ​ကြောင့် ရှန်းလု ကပဲ ဧကရီ ဖြစ်သွားခဲ့တယ်လေ။

   တကယ်လို့ ထိုနေ့မှာသာ အမိန့်တော် ရှိမနေခဲ့ရင် အခုလို အကပ်ခံ ရမှာ သူမပဲ ဖြစ်လိမ့်မယ်။ ပြီးတော့ မြင့်မြတ်တော်ဝင်တဲ့ ဇာမဏီ ဝတ်ရုံ ဝတ်ပြီး မော်ချီ နေတဲ့ သူ ဖြစ်နေရမှာ။ အခုတော့ ဒူးထောက်ပြီး သူတို့ ရွေးသမျှ လည်စင်း ခံ ရမယ့် သားကောင် လို ဖြစ်နေရတယ်။ ကံကောင်းရင် အဆင့်မြင့် ကြင်ယာတော် (ဖေး)  ဖြစ်ပြီး ကံမကောင်း ရင်တော့ အဆင့်နိမ့် ကြင်ယာတော် (ကူ) ဖြစ်လာလိမ့်မယ်။

  ဒီနေ့ မှာ ဧကရာဇ် ရွေးချယ် လိုက်တဲ့ ဖေးတွေ ကတော့ တဲ့ဖေး အဖြစ် မုမု၊ ရှုဖေး အဖြစ် ဝန်ချောင်မု၊ စဲ့ဖေး အဖြစ်
ရှုယုလိန်၊ ချန်ဖေး အဖြစ် ပါးရှားမင်းသား အိုက်ရင် တို့ပဲ ဖြစ်လေတယ်။

ကျန်တဲ့ ကောင်းနယ်စား သမီး (ဝမ်ယန်) နဲ့ စစ်သူကြီးရဲ့ ရှုသား ( တုန့်ဟွေ့)
တို့ကတော့ ကူ ဖြစ်သွားတော့ တယ်။

နန်းတွင်း ရဲ့ ဖွဲ့ စည်းပုံအရ ဧကရီ အောက်မှာ ဖေး ၄ ပါး ရှိပြီး ဖေး တွေ ရဲ့ အောက်မှာ ကူ တစ်ယောက်ဆီ ရှိလေတယ်။ ကျန်တဲ့ဖေး အဖြစ် အရွေး မခံ ရတဲ့ ကူတွေ က ဧကရီ နန်းတော် ဝင်း အတွင်း မှာ နေရတယ်။ ကျန်တဲ့ တော်ဝင်ကိုယ်လုပ်တော် ၆၉ ယောက်က ဧကရာဇ် သဘော ကျတဲ့ မမလေး မှန်သမျှ ပေးအပ်လို့ ရတယ်။ အဆင့်နိမ့် ကိုယ်လုပ်တော် ကတော့ အဆင့်အတန်း မခွဲ ထားပဲ အပျိုတော်၊ အကမယ် အစရှိတဲ့ သူတွေ ကိုပေးအပ်လို့ ရလေတယ်။ သူတို့တွေမှာ ကိုယ်ပိုင် နန်းဆောင် မရ ကြပါဘူး။

COMPLETE  ဧကရီကို ကိုယ်တော် မုန်းတယ် (Own Creation)Where stories live. Discover now