အပိုင်း (17)

1.3K 126 19
                                    


[Unicode]

  အစက သူ့အမတော် ဘေးနား ကပ်ထိုင်ပြီး ထမင်းခွံ့ကျွေး ခိုင်းမယ့် ဧကရာဇ်:''..........''

  ဘာလဲ...ဘယ်သူလဲ...ဘာလာလုပ်တာလဲ....ဒါက ကျန်း နေရာလေ....အခုဖယ် လိုက်စမ်းပါ...။

ရှန်းလုက ကလေး ၂ ယောက်လုံးဟာ သူမကို ကပ်ချင်နေ မှန်း သိတော့ ၂ ယောက် လုံး ကို ဘေး တစ်ဖက် စီမှာ နေရာ ချထား ပေး လိုက်တယ်။ ဟိုနေ့က ဧကရာဇ်ကို ပေး လိုက်တဲ့ ကူရှင် အပျော့လေး လိုမျိုး နောက်တစ်ခုကို ချန်ဖေး ထိုင်မယ့်နေရာ ကိ ခုထား ပေး လိုက်တယ်။

  ချန်ဖေး နဲ့ ဧကရာဇ် တို့ဟာ သမိုင်းကြောင်းတွေ ထဲကလို အရမ်း ကု ချစ်ခြင်း မေတ္တာတွေ နဲ့ ပြည့်နေမယ့် အကြည့်တွေ အစား နှင်းတောင်ထိပ်က ရေခဲ ပန်းလိုမျိုး အေးခဲ မယ့်အကြည့်တွေ နဲ့ ကြည့်နေ ကြလေတယ်။ ရှန်းလု က နှစ်ယောက်သား ရန်စောင်နေတာ ကို သိတာကြောင့် ချန်ဖေး ကို ဟင်း ထည့်ပေးကာ ဧကရာဇ်လေးကို မေး လိုက်တယ်။

" ဧကရာဇ်....ပန်ကုန်း က စာကြည့်ဆောင် ထဲမှာ ' ကြီးမြတ်သော ဧကရာဇ် ' ဆိုတဲ့ အသစ်ထွက်ထားတဲ့ စာအုပ်ကို တွေ့ခဲ့တယ်။ အဲ့ထဲက ကြီးမြတ်တဲ့ ဧကရာဇ် လို ဘာလို့ ချန်ဖေး အပေါ် ကြင်ကြင်နာနာလေး မဆက်ဆံပေး ရတာလဲ..။''

မေးလဲ မေးပြီးရော ချန်ဖေး မပါပဲ တစ်ခြား သူတွေ က ကြိတ်ရယ်ကြလေတယ်။ အမေး ခံရတဲ့ ဧကရာဇ်လေး က တွန့်သွားတဲ့ အမူအရာ လုပ်ပြီးတော့ ပြန်ဖြေ လိုက်တယ်။

" ဘယ်ဖေးတွေ ကများ ဧကရာဇ် ဆီကနေ သူ့ဧကရီ ကို ခိုး ဖူး လို့လဲ..''

  အစက တစ်ခွန်းမှ မပြောပဲ ငြိမ်ငြိမ်လေး ထမင်းထိုင်စားနေတဲ့ ချန်ဖေး က ထိုစကား ကိုကြား တဲ့အခါ သေလောက် တဲ့ အကြည့်တွေ ပို့လွှတ် လိုက်ပြီး ဧကရီ ဘက်ကို လှည့်သွားတာနဲ့ ပြိုတော့မယ့် မိုးလို မျက်ရည်လေးတွေ တွဲခိုနေတဲ့ပုံ ချက်ချင်း ပြောင်းသွားတယ်။

" ဒီကြင်ယာတော် က ဧကရီ ကို ခိုးယူတာ မဟုတ်ရ ပါဘူး... ဒီကြင်ယာတော် က အစကတည်း က ဧကရီ အပိုင် ဖြစ်လာခဲ့တာပါ....။ အဟင့်ဟင့်...ဧကရီ ကသာ...ချန်ချယ် ကို ပိုင်ဆိုင်တာ မဟုတ်လားဟင်...ဟင့်ဟင့်...ချန်ချယ် က ခိုးမယူ ခဲ့ပါဘူး...''

COMPLETE  ဧကရီကို ကိုယ်တော် မုန်းတယ် (Own Creation)حيث تعيش القصص. اكتشف الآن