အပိုင်း (6)

1.9K 221 38
                                    

[Unicode]

6. ဧကရာဇ် လေးရဲ့ မာယာ

  မိန်းမစိုး က သတိပေး ခါမှပဲ ယပ်တောင် လေးတွေ ကိုယ်စီ ကွယ်ကာ ဟန်ကြီး ပန်ကြီး ထုတ်နေတဲ့ ဧကရာဇ် စုံတွဲ ဟာ အခမ်းအနား စတင် ဖို့ အမိန့်ပေး လိုက်တယ်။

   ဖေးတွေ ကို ရွေး ချယ်ရာ ဝယ် နောက်ခံ အင်အား ၊ ရုပ်ရည် ၊ အမူအကျင့် ၊ စွမ်းရည် ၊ အစ ရှိတဲ့ အရာတွေ ကို စစ်ဆေး ပြီးမှ သာလျှင်  ပထမအဆင့် ပြီးတယ်လို့ ဆိုနိုင်ပေတယ်။

  ဒုတိယ အဆင့် မှာတော့ ဧကရီ က စစ်ဆေး မှုတွေ လုပ်ရတယ်။ ဧကရီ ရဲ့ စမ်းသပ်မှုတွေ ကျော်လွန်ပြီး မှသာ တော်ဝင်ကြင်ယာတော် အဖြစ် ခန့်အပ် မှာပါ ။ ရိုးရိုးပြော ရရင် အဆင့်နိမ့်ဖေး ရာထူး ပင်။ နောက်ဆုံး ဧကရာဇ် က စိတ်ကြိုက် ရွေးချယ် ပြီး မှ သာလျှင် ထို အမျိုးသမီး လေးတွေ ဒါမှ မဟုတ် အမျိုးသား လေးတွေ က အဆင့်မြင့် ဖေး အဖြစ် ခန့်အပ်ခြင်း ခံ ရမှာ ဖြစ်တယ်။

  စဲ့ဖေး ၊ တဲ့ဖေး ၊ ရှုဖေး ၊ ချန် ဖေး ဆိုတဲ့ နေရာတွေ က ဧကရီ ထက် နိမ့်ပေမယ့် တစ်ခြား သူတွေ ထက်တော့ မြင့်မားတဲ့ အဆင့်အတန်းပင်။ ဧကရီ နဲ့ အဆင့်မြင့်ဖေး ၄ ပါး ကို ဂရုတစိုက် ရွေး ချယ် ရတယ်။ ဒါမှသာ ဧကရာဇ် အတွက် ကောင်းစွာ အထောက်အကူ ဖြစ် နိုင်မှာပဲ ဖြစ်လေတယ် ။

  ပထမ စမ်းသပ် ချက်တွေ ပြီးသွား တဲ့ အခါ နောက်ဆုံး ကျန်ခဲ့တဲ့ လူက ၁၀ ယောက် ရှိလေတယ်။ အမျိုးသမီး ၈ အမျိုးသား ၂ယောက်။  ဒီထဲ ကမှ၆ ယောက်ကို ဧကရီ က စစ်ဆေး ရွေး ချယ်ပေး ရမှာ ဖြစ်တယ်။ ဒါပေမယ့် ဒီ ၁၀ ယောက်ထဲ က လေးယောက်က အဆင့်မြင့် ဖေး ဖြစ်ပြီး ကျန်တဲ့၆ယောက်က 'ကူ' ဖြစ်လာ လိမ့်မယ်။

  နောက်ပိုင်း ကတော့ တော်ဝင် ကိုယ်လုပ်တော် ကနေ သာမန် ကိုယ်လုပ်တော် အဆင့် အထိ ဝင်ရောက် ရွေးချယ်ခံ နိုင်မှာပဲ ဖြစ်လေတယ်။ ဧကရီ ရှန်းလု ကတော့ အတော့် ကို သဘောကျနေ လေတယ်။ ၁၀ ယောက်လုံး က အလှလေးတွေ ဖြစ်တဲ့ အပြင် နောက်ခံအင်အား ကပါ မသေးတဲ့ သူတွေ ပဲ ဖြစ်တာကြောင့် ဂရုတစိုက် ရွေးချယ်ရလေတယ်။

  ပထမဆုံးရွေးခံလိုက်ရတဲ့ တစ်ယောက်က ဘဏ္ဍာ ရေး အမတ်ရဲ့ တိသမီး ဖြစ်တဲ့ ဝန်ချောင်မု ပဲ ဖြစ်လေတယ်။ သူမလေး က လွန်ခဲ့ တဲ့ လကပဲ အသက် ၁၆ နှစ်ပြည့်ပြီး အနုပညာလေးမျိုးအပြင် ငွေကြေး ကိုင်တွယ်ရာမှာ ထူးချွန်လေတယ်။ ဒါပေမယ့် ရှန်းလု တစ်ယောက် ကြားဘူးတာက သူမလေး က အမျိုးသမီးချင်း ကြိုက်တဲ့ သူဆိုလားလို့ပါ။ ကောလ ဟာလတွေ ကို ဖယ်ထားပြီး သူမလေး ကို လေ့လာ ကြည့်ရင် ရှန်းလုအတွက် အတော့်ကို ကောင်းမွန်တဲ့ လက်ထောက် တစ်ယောက် ရလိုက် သလိုပဲ။

COMPLETE  ဧကရီကို ကိုယ်တော် မုန်းတယ် (Own Creation)Donde viven las historias. Descúbrelo ahora