အပိုင်း (11)

1.7K 164 13
                                    


  [Unicode]

  ဧကရာဇ်လေးဟာ သူ့ရဲ့ အမတော်က ကြင်ယာတော် တွေ အစောကြီး ရွေးပေး လိုက်တာကြောင့် စိတ်ဆိုးနေကာ လက်ရေးလှ လေ့ကျင့်နေရင်း မျက်နှာကြီးမှာ မဲမှောင်နေလေတယ်။ ဒီနေ့က ကြင်ယာတော် တွေ နန်းတွင်း ထဲ ကို ပထမ ဆုံး ဝင်တဲ့ ရက် ဖြစ်တာကြောင့် သေချာပေါက် ကို သူတို့ထဲ က တစ်ယောက် နဲ့ တစ်ည ကုန်ဆုံးပေး ရမှာပဲ ဖြစ်လေတယ်။ သူမသွား ချင်ပါဘူး။ သူ့ရဲ့ ကြင်ယာတော်တွေ က သူ့ကို အဆီရွဲရွဲ အသားတုံးကြီး လိုမျိုး မြင်နေကြတာလေ။ အရမ်း ကိုကြောက်ဖို့ ကောင်းတယ်။ ပြီးတော့ သူက သူမတို့တွေ သုံးတဲ့ အမွှေး အနံ့တွေ ကို ခံနိုင်စွမ်း မရှိလေဘူး။ သူတို့တွေ ဆီ သွားအိပ်မယ့် အစား သူ့အမတော် ရင်ခွင်ထဲ ပဲ ခုန်ဆင်း လိုက်မှာပေါ့။

   အချိန်တွေ က တစ်ဖြည်းဖြည်း ကုန်ဆုံး လာတယ်။ ညနေခင်းတောင် ရောက်နေပြီး သူ့ကို ချော့မယ့် သူကလည်း အခုထိ ရောက်မလာသေး ဘူး။

ဟမ့်....ခါတိုင်းဆို ထမင်းစားချိန် ၊ သရေစာ စား ချိန်တိုင်း မှာ အမတော် က အမြဲ လာပြီး ခေါ်တာကို...အခုကျတော့ အရိပ်လေးတောင် မတွေ့ရဘူး။

   အပါးတော်မြဲ အထိန်းတော် ကြီး က သူ့ရဲ့ သခင် ဧကရာဇ်လေး ဘာတွေ ဖြစ်နေတာ လဲ ဆိုတာကို သဘောပေါက် တာကြောင့် ဘေး ကနေ တိုးတိုးလေး ကပ်ပြော လိုက်တယ်။

" အရှင် ဧကရာဇ် ဒီနေ့က ၁၅ ရက်နေ့လေ။ ထုံးတမ်း အစဥ်အလာ အရ အရှင်က ဒီနေ့ည ဧကရီ ရဲ့ နန်းဆောင် မှာ သွားပြီး အိပ်စက် ရမှာပါ။ ''

  မဲမှောင်နေတဲ့ မျက်နှာက ထိုစကား ကိုကြားတော့  ချက်ချင်း ကို ပန်းတွေ ပွင့်သွားလေတယ်။ ဒါပေမယ့် ခဏနေ ကြတော့ မျက်နှာ ပြန်တည် လိုက်ပြီး ပြောလိုက်တယ်။

" အခုက ညစာ စားမယ့် အချိန်ရောက်ပြီ ဆိုတော့လည်း ကျန်း ကပဲ ဧကရီ နဲ့ အတူ စားလိုက်တော့မယ်။ ဟမ့်...မင်းတို့ပြော လို့ ကျန်းက ဧကရီ အဆောင် ကို သွားတာနော်။ ကျန်း သွား ချင် လို့မဟုတ်ဘူး။... အဟမ်းဟမ်း....သွားကြစို့.....''

  ဒီလိုနဲ့ပဲ စိတ်ကောက်နေတဲ့ ဧကရာဇ်လေး ဟာ သူ့အမတော် ရှိရာ ကို စိတ်ကောက်စွာ နဲ့ပဲ ကော့တော့ကော့တော့ သွားနေလေတယ်။

COMPLETE  ဧကရီကို ကိုယ်တော် မုန်းတယ် (Own Creation)जहाँ कहानियाँ रहती हैं। अभी खोजें