အပိုင်း (26)

1.2K 127 11
                                    


[Unicode]

ဘယ်သူမှလဲ လာသတိမပေးကြဝူး..

     သမားတော်ကြီး ဆီကို တိုင် ဖို့ ပြင်နေတဲ့ အမတ်တွေ ခမျာ ဧကရီ ရဲ့ စကားကြောင့် ယင်ကောင် တွေ အကောင် တစ်ရာ လောက်ကို မြိုချ လိုက်ရတဲ့ ပုံပေါ်လေတယ်။ သူတို့ မျက်နှာမှာ ပုဝါတွေ အုပ်ထား လို့သာ တော်သေးတယ်။ မဟုတ်ရင် စိမ်းဖန့်နေတဲ့ အမတ်ကြီး တွေရဲ့ မျက်နှာကို တစ်ခြား နိုင်ငံ က သံတမန်တွေ တွေ့မှာပဲ ဖြစ်လေတယ်။ ဒါပေမယ့် အဲ့သံတမန်တွေ ကလည်း အခု အမတ်ကြီးတွေ ရဲ့ အခြေအနေ နဲ့ အနည်းငယ် ပဲ ကွာပါတယ်။ သူတို့ကတော့ ပြုံးနေတဲ့ ဧကရီ ရဲ့ မျက်နှာကို ဓားထောက်ပြီး ငြိမ်းချမ်းရေး ယူသွားတဲ့ နေ့ ကတည်း က အိမ်မက်ဆိုး တစ်ခုလို လွှမ်းမိုး နေခဲ့တာပဲ ဖြစ်လေတယ်။

ထိုစဥ် ဧကရာဇ်လေး ရဲ့ စွာကျယ် စွာကျယ် အသံလေး က ထွက်လာခဲ့တယ်။

" မင်းသမီးရဲ့ မျက်လုံး ကို တက်နိုင်သမျှ ပြူးကျယ်နေအောင် ဖွင့်ထားဘပြီးတော့ ကျန်းရဲ့ အနောက်ဆောင် က ပျိုမဒီတွေ ရှိတာလား အမျိုးသား တွေ ရှိတာလား ကြည့်လိုက်စမ်းပါ.... ဟမ့်...''

  ပါရှား မင်းသမီး က သူတို့ နိုင်ငံ ကနေ စေလွှတ်ထား တဲ့ မျိုးမစစ် အကို အိုက်အိုက် ကို မတွေ့ တဲ့ အတွက် နည်းနည်း ဇဝေဇဝါ ဖြစ်သွားတယ်။ ဒါပေမယ့် သူမက ဉာဏ် ပြေးတာကြောင့် ပြဇာတ်ခင်းတော့တယ်။

" ကျွန်တော်မျိုးမတို့ နိုင်ငံရဲ့ အလှဆုံး အမျိုးသား ကို အရှင့်ဆီ ဆက်သ ထားတာ ပါ။ သူက ဒီ မင်းသမီး ရဲ့ အချစ်ရ ဆုံး အကိုတော်ပါ အရှင်ရယ်။ ကျွန်မ ရဲ့ အကိုတော် နဲ့ တွေ့ခွင့်ပေးပါ.... ဒါ... ဒါ မှ မဟုတ် အကိုတော် က အရှင့်ကို ကလေး လွယ်အောင် ပြုကျင့် မိတာကြောင့် နှိပ်ဆက် ထားတာလား အရှင်... ကျေးဇူး ပြုပြီး ခွင့်လွှတ် ပေးပါ အရှင်.... ကလေးတွေ မျက်နှာထောက်ပြီး ခွင့်လွှတ် ပေးလိုက်ပါ...''

  ပါးရှား က မင်းသမီး ပြောလိုက် တာကြောင့် တခြား လူတွေ က ဒါဟာ ပါးရှား မင်းသား လက်ချက်ကြောင့် တာ့လီ ရဲ့ ဧကရာဇ် ဗိုက်ထွက်လာတယ် လို့ထင်နေကြပေမယ့် အမတ်ကြီးတွေ ကတော့ ပါးရှား မင်းသမီး ကို ကျိန်ဆဲ နေကြပြီပဲ ဖြစ်လေတယ် ။ ဒါပေမယ့် စစ်တပ်ဘက်က အရာရှိတွေ ကတော့ သူမကို အရူးတစ်ယောက်လို ဝိုင်းကြည့်နေ ကြပြီး စိတ်ထဲကနေ လဲ လှောင်နေလေရဲ့။

COMPLETE  ဧကရီကို ကိုယ်တော် မုန်းတယ် (Own Creation)Hikayelerin yaşadığı yer. Şimdi keşfedin